အပိုင်း ၁၃၀

2.2K 216 10
                                    

God of Slaughter (chapter – 130)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၀) သေခြင်းရှင်ခြင်း သန္ဓေပြောင်းလဲခြင်း

မြေအောက် သင်္ချိုင်းဂူထဲတွင်

အကြီးဆုံးအခန်းထဲရှိ ခေါင်းတလားကြီးနှစ်လုံးထဲမှ ကောင်းကင်အလောင်းနှစ်ကောင်က ဖြည်းငြင်းစွာ ထထိုင်လာသည်။
ပြင်းထန်ပြီး ရုန်းရင်း ကြမ်းတမ်းသော အလောင်းကီက မြေအောက် သင်္ချိုင်းဂူကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ထို ကောင်းကင်အလောင်းနှစ်ကောင်မှာ ယောက်ျားနှင့် မိန်းမဖြစ်ပြီး အသက်အရွယ်ကို ခန့်မှန်း၍မရချေ။
နှစ်ယောက်စလုံး၏ အရေပြားများက အလွန်အမင်း ဖြူဆွတ်နေပြီး တွန့်လိပ်လို့နေသည်။

ထိုအလောင်းနှစ်ကောင်စလုံးက နီဗားနားအဆင့်များဖြစ်ကြပြီး အလောင်းကီက သူတို့ ပတ်ဝန်းကျင်တွင် လှိုင်းလှိုင်းထနေသည်။

အခေါင်းထဲမှ ထထိုင်နေကြကာ မီးခိုးရောင်သန်းကာ အသက်ကင်းမဲ့သော သူတို့ ၏ မျက်လုံးများက ရှီယန်ရှိရာသို့ လှမ်းကြည့်နေကြသည်။

ယောက်ျားဖြစ်သော ကောင်းကင်အလောင်းကောင်က ဖြည်းလေးစွာ မတ်တပ်ထရပ်လိုက်ရင်း သူ့ပါးစပ်ကို ဖွင့်ဟလိုက်သည်။
အလောင်းကီဖြင့် ဖွဲ့စည်းထားသော အဖြူရောင်အလင်းတန်းကို မှုတ်ထုတ်လိုက်လေသည်။

အလင်းတန်းက လွင့်ပျံလာပြီးနောက် ခွဲဖြာထွက်သွားကာ ရောင်ခြည်တန်းလေးများအဖြစ် အခြား ခေါင်းတလားများရှိရာသို့ တိုးဝင်သွားသည်။

ထိုအလင်းတန်းများက အခေါင်းထဲရှိ အလောင်းကောင်များကို နိုးထစေနိုင်စွမ်းရှိဟန်တူ၏။
အဖြူရောင်အလင်းက ခေါင်းတလားကို ထိမှန်သွားသည်နှင့် အတွင်းမှ ထူးဆန်းသောမြည်သံများ ထွက်ပေါ်လာသည်။

မကြာမီမှာပင် အလောင်းကောင်အများအပြားက အခေါင်းများထဲမှ ခုန်ထလာကြသည်။
အချို့က တောင့်တောင့်တင်းတင်းကြီးဖြစ်နေကြပြီး
ကျန်တာတွေကတော့ ပြေပြစ်ချောမွေ့သော လှုပ်ရှားမှုရှိကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံး၏ ဦးတည်ရာကတော့ ရှီယန်ဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now