အပိုင်း ၁၆၇

1.7K 183 0
                                    

God of Slaughter (chapter - 167)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၇) အချိန်လု၍

ရှူရာတမန်တော်များကို တင်ဆောင်ထားသော သွေးစိမ်းလင်းနို့များသည် မိုးတိမ်ကျွန်းဆီသို့ ခပ်နှေးနှေး ပျံသန်းလာကြသည်။
ရှေ့တန်းရှိ သွေးစိမ်းလင်းနို့တစ်ကောင်ပေါ်တွင် မိုသွမ့်ဟွမ်ပါလာပြီး သူ၏ အမူအယာက တည်ငြိမ်လေးနက်နေကာ နေရောင်အောက်တွင် သူ့မျက်လုံးများက တဖျတ်ဖျတ် အရောင်ထွက်လျှက်ရှိသည်။

သူ မိုးတိမ်ကျွန်းကိုလာတာ ဒီတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။

သူပထမအကြိမ်ရောက်ခဲ့တုန်းက သူက ရှူရာတမန်တော်များနှင့်အတူ မိုးတိမ်ကျွန်းကိုရှင်းလင်းခဲ့ပြီး ဂူမိသားစုမှ ပညာရှင်များကို သတ်ဖြတ်ခဲ့သည်။

သာမာန်အားဖြင့်တော့ ဂူမိသားစုက လှည့်ကွက်များ လုပ်ဆောင်ရဲမည်မဟုတ်ပါချေ။
သို့သော်လည်း မိုသွမ့်ဟွမ်က သံသယအနည်းငယ်ရှိနေပါသည်။
သူက မိုးတိမ်ကျွန်းပေါ်ရောက်သည်နှင့် သူ့ စိတ်စွမ်းအင်ကို ဖော်ထုတ်ကာ တစ်ကျွန်းလုံးကို သတိထားထောက်လှမ်းလိုက်သည်။

သူ မိုးတိမ်ကျွန်းကို မလာခင်တွင် ဘုရင်မင်းမြတ်ယန်ခန်းဒီထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။
ဒီခရီးတွင် အန္တရာယ်ရှိနိုင်သောကြောင့် မိုသွမ့်ဟွမ်အား သတိထားရန် မှာကြားလိုက်ခြင်းဖြစ်သည်။

ဘုရင်မင်းမြတ် ယန်ခန်းဒီက လေးခုမြောက်မိစ္ဆာနယ်မြေမှ မိစ္ဆာများနှင့် ရင်ဆိုင်နေရသောကြောင့် ဂူလီနှင့် စကားပြောရန် ကိုယ်တိုင်မလာရောက်နိုင်ခြင်းဖြစ်သည်။
သို့သော်လည်း သူက ရှီယန် မိုးတိမ်ကျွန်းသို့ ရောက်ရှိလာမည့်အကြောင်း နိမိတ်စကားကြားသိထားရသောကြောင့် မိုသွမ့်ဟွမ်ကို ဂရုတစိုက် မှာကြားထားခဲ့သည်။

မိုသွမ့်ဟွမ်က သူ့ဘုရင် ယန်ခန်းဒီကို အကြွင်းမဲ့ ယုံကြည်သည်။
ထို့ကြောင့် သူက ဒီခရီးအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်လာခဲ့သည်။

မိုသွမ့်ဟွမ်က သတိကြီးစွာထားနေသောကြောင့်လဲ သွေးစိမ်းလင်းနို့များက ပုံမှန်မဟုတ်ပဲ အလွန်နှေးကွေးစွာ ပျံသန်းနေခြင်းပင်ဖြစ်လေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now