အပိုင်း ၂၀၀

4.8K 299 11
                                    

God of Slaughter (chapter - 200)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၀၀) မှော်ဝင်ခြေလှမ်း ခုနှစ်လှမ်း

[[[[[[[[[[[လစဉ်ကြေးလေးတွေ $ လာပေးကြပါဦးနော်]]]]]]]]]]]

နေလုံးကြီးက တောက်ပနေသည်။

ရှီယန်က လျှပ်စစ်စီးသလို အမြန်နှုန်းဖြင့် ကျောက်ဂူထဲမှ ခုန်ထွက်လာသည်။
ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ဦးတည်ရာတစ်ခု ရွေးချယ်ကာ လျှင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

ဥမင်ကြီးထဲတွင်တော့ တော်လဲသံကြီးထွက်ပေါ်လာပြီး သတ္ထုမိုင်းတွင်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။

ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များ မိုင်းတွင်းထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။
အနက်ရောင်တိမ်တိုက်ကြီးများသဖွယ် မိစ္ဆာလေထုများက ကျောက်တောင်ထိပ်မှ ပွင့်ထွက်လာကြသည်။

ထိတ်လန့်ခြောက်ခြားစွာ အာခေါင်ခြစ်အော်လိုက်သံများ ဟိုး ဂူအတွင်းပိုင်းဆီမှ ပျံ့လွင့်လာသည်။

ပြေးလွှားနေသော ရှီယန့် ခြေလှမ်းများက အနည်းငယ် နှေးကွေးသွားသည်။
သူက ၀ိညာဉ်ခေါ်ပုလဲကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း သူ့မျက်နှာထားက ပိုမိုမည်းမှောင်လို့သွားသည်။

ဝိညာဉ်ခေါ်ပုလဲမှတဆင့် ဂူထဲရှိ ပြင်းထန်သော တိုက်ခိုက်မှုများကို သူ ခံစားလို့ရသည်။
နတ်ဆိုးနယ်မြေထူး သိုင်းသမားများနှင့် မိစ္ဆာနယ်သားများ တိုက်ပွဲဖြစ်ပွားလေပြီ။

ဒါက နီဗားနားအဆင့် မိစ္ဆာနယ်မြေသားကို လင်းနန်ရင်ဆိုင်တိုက်ခိုက်နေပြီမှန်း ရှီယန် သေချာပေါက် ပြောနိုင်ပေသည်။

လင်းနန်သည် ထိုမိစ္ဆာနှင့် အဆင့်တူဖြစ်သော်လည်း သူမ အနိုင်ရလိမ့်မည်ဟု ရှီယန် လုံးဝမထင်ပါချေ။
ထို မိစ္ဆာများ၏ တိုက်ခိုက်မှုအောက်တွင် လင်းနန်သည် အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ်ရှိနိုင်သည်။
ဒီလိုဆိုမှတော့ ကျန် နတ်ဆိုးနယ်မြေထူး သိုင်းသမားများကို ထည့်ပြောနေစရာမလိုတော့ဘူးမဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Dec 13, 2020 ⏰

Add this story to your Library to get notified about new parts!

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now