အပိုင်း ၆၃

2.6K 223 1
                                    

God of Slaughter (chapter – 63)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၃) သိုင်းပြိုင်ပွဲကြီး

တိအန်းမြို့တော်…နတ်ဘုရားကျောက်တုံးရင်ပြင်

စိန်ပွင့်သဏ္ဍန် ဥက္ကာခဲကြီးတစ်တုံးက ကျောက်ဆောင်ကြီးတစ်ခုပမာ မားမားကြီး တည်ရှိနေသည်။ဥက္ကာခဲကြီး၏ ထက်ဝက်ကျော်ခန့်က မြေကြီးထဲနစ်မြုပ်နေပြီး မြင်နေရသောအပေါ်ပိုင်းပင်လျှင် မီတာရာနှင့်ချီ မြင့်မားလှကာ ကြီးကျယ်ခန်းနားသော အမြင်ကိုပေးစွမ်းသည်။

လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ထိုဥက္ကာခဲကြီးကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျရောက်ခါစက လရောင်ဖြန်းပက်သောညများတွင် ငွေရောင်အလင်းတန်းများ တောက်ပနေလေ့ရှိသည်ဟု ဒဏ္ဍာရီများကဆိုသည်။နောက်ပိုင်းတွင်တော့ ငွေရောင်အလင်းများက တဖြည်းဖြည်း မှိန်ဖျော့လာပြီးနောက် နောက်ဆုံးတွင် ထပ်မံတောက်ပခြင်းမရှိတော့ပဲ သာမာန်ကျောက်တုံးအသွင်သို့ပြောင်းလဲသွားခဲ့သည်။

Merchant တိုင်းပြည်မှလူများက ထိုကျောက်တုံးကြီးကို နတ်ဘုရားကျောက်တုံးဟု ယူဆခဲ့ကြပြီး ထိုတစ်ဝိုက်တွင် တိအန်းမြို့တော်ကို ထူထောင်ခဲ့ကြသည်။

နှစ်ပေါင်းများစွာကြာသောအခါ တိအန်းမြို့တော်သည် ဧရာမမြို့ကြီးဖြစ်လာခဲ့ပြီး Merchant တိုင်းပြည်၏ အလယ်ဗဟိုဖြစ်လာခဲ့သည်။

ဥက္ကာခဲကြီးမှ အလင်းရောင်များ မတောက်ပတော့သော်လည်း Merchant တိုင်းပြည်မှသိုင်းသမားများက နတ်ဘုရားကျောက်တုံးအဖြစ် ယူဆထားကြဆဲဖြစ်ပြီး နတ်ဘုရားတို့ထံမှ ကောင်းချီးများ ကျရောက်ခြင်းဟုယူဆကာ ဆက်လက်ကိုးကွယ်ခဲ့ကြပြီး ဥက္ကာခဲကြီးတစ်ဝိုက်ကို နတ်ဘုရားကျောက်တုံးရင်ပြင်အဖြစ် ထားရှိခဲ့ကြသည်။

Merchant တိုင်းပြည်ရှိ စုံတွဲများသည် နတ်ဘုရားကျောက်တုံးရင်ပြင်သို့ လာရောက်လေ့ရှိကြပြီး ဥက္ကာခဲကြီးအောက်တွင် ကတိသစ္စာပြုလေ့ရှိကြသည်။

Merchant တိုင်းပြည်၏ သိုင်းပညာပြိုင်ပွဲတိုင်းကိုလဲ နတ်ဘုရားကျောက်တုံးရင်ပြင်တွင်ပင် ခေတ်အဆက်ဆက် ကျင်းပခဲ့ကြလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now