အပိုင်း ၁၃

3.3K 347 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (13)
(God of Slaughter)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃) ထင်မှတ်မထားသော သတ်ဖြတ်မှု

     ရှီယန် သူ့သွေးဆာနေသောစိတ်ကို ဆက်လက်မထိန်းချုပ်တော့။ရုတ်ချည်းပင် သစ်ရွက်များကြားမှခုန်ထွက်လိုက်သည်။သူ့ကီစုစည်းမှုအားလှိုင်းများက သူ့လက်မောင်းတစ်လျှောက် ကြမ်းကြုတ်စွာစီးဆင်းလာကြပြီး ရက်စက်ခက်ထန်သော သတ်ဖြတ်ခြင်းစွမ်းအားများက ပေါက်ကွဲထွက်လာသည်။

“ဟာ…”
သတိထားနေသော သိုင်းသမားက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြီး အပေါ်မော့ကြည့်လိုက်သည်။သစ်ပင်ပေါ်မှ ဇောက်ထိုးဆင်းလာသောရှီယန်က သူ့ညာဖက်လက်ကို ဆန့်ထုတ်လိုက်သည်။သူ့လက်မောင်းတစ်လျှောက်မှ အခိုးအငွေ့များပစ်လွှင့်လာပြီး ထိုသိုင်းသမား၏ ဦးခေါင်းတစ်ဝိုက် လွှမ်းခြုံသွား၏။

ထိုအချိန်တွင် အဆုံးမရှိသော မကောင်းသောအငွေ့အသက် အားလှိုင်းများက သိုင်းသမား၏ ပါးစပ်နှင့် နှာခေါင်းပေါက်များအတွင်းတိုးဝင်သွားသည်။ထိုအခိုက်အတန့် သိုင်းသမားသည် သွေးပင်လယ်၏အလယ်တွင်ရပ်နေပြီး ထောင်ပေါင်းများစွာသော မိစ္ဆ ၀ိဥာဉ်များကချုပ်ကိုင်ထားသလိုခံစားနေရပြီး လှုပ်ရှားရန်ပင်မစဉ်းစားမိတော့ချေ။

“ခွပ်…”
ရှီယန့်လက်သီးက သိုင်းသမား၏ဦးခေါင်းကို ကြီးမားလေးလံသောအင်အားဖြင့် ထိုးချလိုက်လေသည်။ဦးခေါင်းခွံ ကြေကွဲသွားသောအသံအုပ်အုပ် ထွက်ပေါ်လာပြီး သိုင်းသမား၏ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားသည်။သူ့နောက်ဆုံးထွက်သက်မတိုင်မီ အော်ဟစ်ရန်အခွင့်အရေးလေးပင်မရလိုက်။သူ့ကီစုစည်းမှုများအားလုံး ရှီယန်၏ မရီဒျန်များက စုပ်ငင်ဝါးမျိုလိုက်လေတော့သည်။

အခြားသိုင်းသမားတစ်ယောက်ဖြစ်သော စန်တေးသည် ထိတ်လန့်ခြောက်ခြားသွားပြီး အလိုလိုပင် သူ၏ မီးခိုးပြာဗုံးအား ပစ်ဖောက်လိုက်မိသည်။မီးခိုးပြာဗုံးက ကောင်းကင်ထက်သို့ လွင့်တက်သွားပြီး တောက်ပသော အပြာရောင်မီးခိုးများ ပေါက်ကွဲထွက်သွားသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now