အပိုင်း ၁၃၆

2K 193 0
                                    

God of Slaughter (chapter - 136)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၆) တားမြစ်စည်းများ

မှောင်စပျိုးချိန်...
ကောင်းကင်တစ်ခုလုံး အနီရောင်သန်းကာ ပုစွန်ဆီရောင်နေလုံးကြီးကြောင့် ကြောင့် ကမ္ဘာမြေပြင်က နီစွေးလို့နေသည်။

နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများကြောင့် ကုန်းမြေတစ်ခုလုံး မွစာကျဲကာ ပျက်စီးလို့နေပုံက လူတစ်ယောက်၏ကိုယ်ပေါ်မှ ဓါးဒဏ်ရာများနှင့်ပင်တူသေး၏။
ဝင်လုဆဲဆဲနေရောင်အောက်တွင် မြေပြင်က သွေးများပက်ဖျန်းထားသကဲ့သို့ ဖြစ်နေသောကြောင့် ကျောချမ်းဖွယ်ရာခံစားချက်ကို ပေးလို့နေသည်။

အက်ကွဲကြောင်းများကြားတွင် သစ်ပင်များ၏အမြစ်များ တဖွာဖွာဖြင့်ရှိကာ အောက်သို့ပြုတ်ကျသေဆုံးတေသော မိစ္ဆာသားရဲများ လူသေအလောင်းများကြောင့် လေထုထဲတွင် ပုတ်အဲ့အဲ့အနံများ ပျံ့လွင့်လျှက်ရှိသည်။

ရထားလုံးက အက်ကွဲကြောင်းများ၏အဆုံး ခပ်ဝေးဝေးတစ်နေရာတွင် ရပ်တန့်သွားသည်။

"ကျုပ်တို့ ရောက်ပြီ..."
ရထားလုံးမောင်းသမားက နောက်ပြန်လှည့်ကာ ရထားလုံးထဲသို့ ငုံ့ကြည့်သည်။
သူက ခတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောသည်။
"ကျုပ်က ဒီနားတစ်ဝိုက်မှာ စောင့်နေမယ်..ခင်ဗျားတို့ တတ်နိုင်သမျှ အမြန်ဆုံးပြန်လာခဲ့ကြပါ...ကျုပ်က အကြာကြီး မစောင့်နိုင်ဘူး..."

ရထားလုံး ပြတင်းပေါက် ပွင့်သွားပြီးနောက် ရှီယန် ခေါင်းပြူထွက်လာသည်။
သူက အိတ်ရှုံ့လေးတစ်လုံးကို ရထားလုံးမောင်းသူထံ ပစ်ပေးလိုက်ရင်း
"သုံးရက်စောင့်ပေးပါ...သုံးရက်အတွင်း ကျုပ်တို့ ပြန်မလာရင် ခင်ဗျားပြန်သွားလို့ရတယ်...ကျုပ်တို့ ပြန်လာရင်လဲ ခင်များကို ထပ်ပေးဦးမှာပါ...စိတ်မပူပါနဲ့ ကျုပ်က အချီးအနှီး မစောင့်ဆိုင်းခိုင်းပါဘူး..."

ရထားလုံးမောင်းသမားက ချက်ခြင်း ပြန်အဖြေအပေးသေးပဲ အိတ်ကလေးကိုဖွင့်ကာ အထဲမှ သလင်းကျောက်ပြားများကို ဂရုတစိုက် ရေတွက်နေသည်။ပြီးမှ ပြုံးပြလိုက်ရင်း
"ကောင်းပါပြီ...ကျုပ်သုံးရက်စောင့်ပေးပါ့မယ်..."

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now