အပိုင်း ၁၈၆

1.7K 185 1
                                    

God of Slaughter (chapter - 186)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈၆) ကြောက်မက်ဖွယ်ရာ သန့်စင်ခြင်း

ရှီယန်က မီးလျှံသလင်းကျောက်အနီးသို့ တဖြည်းဖြည်းတိုးကပ်သွားပြီးနောက် သလင်းကျောက်၏ အပေါ်ဖက်တွင် ဖြည်းငြင်းစွာ ရပ်တန့်လိုက်သည်။

မီးလျှံစွမ်းအင်၏ အပူလှိုင်းများက သလင်းကျောက်ထံမှ စီးထွက်နေကြရာ ရေခဲအတွင်းမှ ရှီုယန့် ခန္ဓာကိုယ်သည်ပင် မီးတောက်အလယ်တွင် အကင်ခံရသလို ခံစားနေရသည်။

အေးစိမ့်ရေခဲမီးလျှံ ဖန်တီးထားသော ရေခဲသည်ပင် နှစ်တစ်သောင်း ဗဟိုချက်မီးလျှံ၏ ပုံသေထုတ်လွှတ်နေသော အပူချိန်၏ ထိုးဖောက်စိမ့်ဝင်မှုကို အပြည့်အ၀မတားဆီးနိုင်ပါ။

ရှီယန်က ၀ိညာဉ်ခေါ်ပုလဲကို ဂရုတစိုက် ထုတ်ယူလိုက်သည်။

သလင်းကျောက်၏ အထက် ဆယ်မီတာခန့်အကွာတွင်
ရှီယန်က သူ့စိတ်ကို ငြိမ်အောင်ထားလိုက်ပြီးနောက် စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ ၀ိညာဉ်ခေါ်ပုလဲထံသို့ စွမ်းအင်များ ပို့လွှတ်လိုက်သည်။
ထို့နောက် ၀ိညာဉ်ခေါ်ပုလဲကို ရုတ်တရက် လွှတ်ချလိုက်လေသည်။

ဝိညာဉ်ခေါ်ပုလဲက ချက်ခြင်း ကျဆင်းသွားသည်။

"ခြစ်...ခြစ်...ခြစ်.."

ဝိညာဉ်ခေါ်ပုလဲကို ဖုံးအုပ်နေသော အမှေးပါးသည် ချက်ခြင်း လောင်ကျွမ်းသွားပြီးနောက် ၀ိညာဉ်ခေါ်ပုလဲမှ ၀ိညာဉ်စွမ်းအင်များက ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာသည်။

ရှီယန့် ၀ိညာဉ်က တဖျတ်ဖျတ်လှုပ်ခါလာပြီးနောက် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသလို ထင်ယောင်ထင်မှား ခံစားချက်များကို ခံစားလိုက်ရသည်။
သူက စိတ်ကို ကမန်းကတမ်း စုစည်းလိုက်ရပြီး အသက်အောင့်ကာ စိတ်စွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ရသည်။

ဝိညာဉ်ခေါ်ပုလဲကို ဖုံးအုပ်ထားသော အမြှေးပါး ပျက်စီးသွားသောအခါ အတွင်းမှ ၀ိညာဉ်များက လှုပ်ရှားတွန်းထိုးကာ ကျပ်သိပ်စွာ တွားသွားနေကြပြီး ထောင်ပေါင်းများစွာသော အနက်ရောင် အလင်းစက်မျာအဖြစ် ပုလဲထဲတွင် ရစ်ဝဲနေကြသည်။
ကြက်သီးမွှေးညှင်းထစရာ ခံစားချက်ကို ပေးလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now