အပိုင်း ၁၆၄

1.8K 191 0
                                    

God of Slaughter (chapter - 164)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၄) ကတိ

ဟန်းလိုပင်လယ်၏ မြောက်ဖက်ခြမ်းကောင်းကင်က ပြာလဲ့ကြည်စင်နေသည်။တိမ်ကင်းစင်သော ကောင်းကင်ကြီးနှင့် အပြာရောင်ပင်လယ်ပေါင်းစည်းသွားသောအခါ အဆုံးမရှိတော့သော မိုးပြာရောင်ပင်လယ်ကြီးအလားပင်ဖြစ်လေသည်။

အပြာရောင်မိုးကုတ်စက်ဝိုင်းဆီမှ အမည်းရောင်အစက်အပျောက်ကလေးများ ထွက်ပေါ်လာသည်။
တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ထိုအမည်းစက်လေးများသည် ရှူရာတမန်တော်များကို တင်ဆောင်ထားသော သွေးစိမ်းလင်းနို့များဖြစ်ကြောင်း ထင်ရှားလာ၏။

သူတို့က မိုးတိမ်ကျွန်းသို့ ဦးတည်၍ ဖြည်းညင်းစွာ ပျံသန်းနေကြသည်။

သွေးစိမ်းလင်းနို့များပေါ်တွင် အေးစက်စက်အမူအယာများဖြင့် ရှူရာတမန်တော်များ လိုက်ပါလာကြသည်။
သူတို့ထံမှ မိစ္ဆာအငွေ့အသက်များက သွေးလွှမ်းသော တိုက်ပွဲများမှ ယခုပဲ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်ဖြစ်သည်။

ရှေ့ဆုံးရှိ အဆင့်ခြောက် သွေးစိမ်းလင်းနို့ကောင်ပေါ်တွင် မိုသွမ့်ဟွမ်လိုက်ပါလာပြီး မျက်လုံးများကို မှေးမှိတ်ထားသောကြောင့် အိပ်မောကျနေသည်နှင့်ပင်တူ၏။

သွေးစိမ်းလင်းနို့များ၏နောက်တွင်တော့ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေသော တိမ်ခြင်္သေ့ကြီးတစ်ကောင် လိုက်ပါလာသည်။
တိမ်ခြသေ့င်္များသည် မွေးရာပါ ရှည်လျားကျယ်ပြန့်သော တောင်ပံကြီးများပါရှိပြီး လျှပ်စီးများ တလက်လက် စီးဆင်းလျှက်ရှိသည်။
တိမ်ခြင်္သေ့များက လေဓါတ်နှင့် မိုးကြိုးဓါတ်ကို အသုံးချနိုင်သည်။

အဆင့်ခြောက် တိမ်ခြင်္သေ့တစ်ကောင်သည် လေကဲ့သို့ လျှင်မြန်စွာ လှုပ်ရှားနိုင်ပြီး တောင်ပံများမှ လျှပ်စီးမိုးကြိုးများ ပစ်လွှတ်နိုင်စွမ်းရှိသည်။
၎င်းမှာ ခိုင်ရာပင်လယ်ပြင်ရှိ နတ်ဆိုးနယ်မြေထူးမှ မွေးမြူလေ့ကျင့်ပေးသော အစွမ်းအထက်ဆုံး မိစ္ဆာသားရဲများပင်ဖြစ်လေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now