အပိုင်း ၄၇

2.7K 258 1
                                    

God of Slaughter (chapter – 47)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၄၇) တိအန်းမြို့တော်

     အခန်းထဲတွင် ရှီယန် က ပြူတင်းပေါက်ကို ပြန်မပိတ်ခင် အတန်ကြာ ငိုင်တွေနေ၏။

ထို့နောက် သူက နေရာသို့ပြန်သွားကာ ထိုင်ချလိုက်သည်။သူက ကောင်မလေးများကိုလဲ မထိတော့။အရက်လဲမသောက်တော့။စိတ်နဲ့လူမကပ်သလိုဖြစ်နေသည်။

“သခင်လေးယန်…ဘိန့်မင်မိသားစုအဖွဲ့ကြောင့်လား…”
ရှီမိသားစု သိုင်းသမား ကားလ် ကမေးလိုက်သည်။

“အေး…”
ရှီယန်က တုံးတိတိဖြေရင်း အရက်တစ်ခွက်ငှဲ့လိုက်သည်။

ပြူတင်းပေါက်ဘေးတွင်ရပ်နေရင်း ဟန်ဇောင်က ရှီယန့်ကိုကြည့်နေသည်။သူက မျက်မှောင်ကြုံ့နေပြီး သူ့မျက်လုံးများက တစ်စုံတစ်ခုကိုစဉ်းစားနေဟန်တူ၏။အတန်ငယ် တုံ့ဆိုင်းနေပြီးနောက် သူက လှမ်းမေးလိုက်သည်။
“ညီလေးယန်…မြင်းပေါ်က မိန်းကလေးလား…မင်း… သူက မင်းအသိမဟုတ်လား…”

ရှီယန် ခေါင်းငြိမ့်ကာ အရက်ခွက်ကို ကုန်အောင်မော့သောက်လိုက်သည်။
“အင်း…ကျနော်တို့ အမှောင်တောအုပ်ထဲက အတူတူထွက်လာခဲ့ကြတယ်…အကိုကြီးကြားတဲ့အတိုင်းပဲ…မိစ္ဆာသားရဲတွေက နေရာအနှံ့…တစ်ယောက်ထဲနေတာထက် အဖော်နဲ့သွားတာပိုကောင်းတယ်လေ…”

ဟန်ဇောင်က အတွေ့အကြုံရင့်သူဖြစ်သည်။ရှီယန့်အမူအယာကိုကြည့်ကာ ထိုကောင်မလေးနှင့် ရှီယန် ပတ်သက်မှုတစ်ခုခုရှိမည်ကို ခန့်မှန်းလိုက်ပြီးဖြစ်၏။

ရှီယန့်အနားကို လျှောက်လာရင်း ဟန်ဇောင်က ကောင်မလေးနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“အပြင်ထွက်ကြ…ငါတို့ စကားပြောဖို့လိုတယ်…”
မိန်းကလေးနှစ်ယောက်က အလိုက်တသိ ပြုံးပြလိုက်ပြီး လျှင်မြန်စွာ ထွက်သွားကြသည်။

ရှီမိသားစုအဖွဲ့တွေချည်းပဲ အခန်းထဲတွင်ကျန်ခဲ့သောအခါ ဟန်ဇောင်က ပြောလိုက်သည်။
“ညီလေးယန်…ကောင်မလေးက ဘယ်သူလဲဆိုတာတော့ ငါမသိပါဘူး..ဒါပေမဲ့…ဘိန့်မင်ချီကြည့်ရတာ အဲ့ကောင်မလေးကို အတော် ကျနေပုံပဲ…တကယ်လို့ သူမက ဘိန့်မင်ချီကို လက်ခံလိုက်ပြီဆိုရင်တော့ မင်း မေ့ပစ်လိုက်တာပိုကောင်းပါတယ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now