အပိုင်း ၆၈

2.3K 243 1
                                    

God of Slaughter (chapter - 68)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၈) ခါးသည်းသောအရှုံး

"မိန်းမလှလေးက ကြမ်းလှချည်လား..."
"သူနဲ့အဆင့်တူကိုတောင် အားမစိုက်ထုတ်ပဲ နိုင်သွားတယ်လား..."
"ဒီကောင်လေးက သိပ်မိုက်မဲလွန်းတယ်..."
"ကျောက်ခန္ဓာသိုင်းဝိဥာဉ်သာမဟုတ်ရင် သေသွားတာကြာပေါ့.."
"မိသားစုကြီးတွေကြာက တိုက်ပွဲက တကယ့်ကို အံ့သြဖွယ်ရာပဲ..."
"ခရီးအဝေးကြီးလာခဲ့ရတာ တန်တယ်ဗျို့..."
"-----"

ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ဝေဖန်သံများဖြင့် ကျွတ်စီကျွတ်စီဖြစ်သွားသည်။
ပွဲကြည့်ပရိသတ်များက မိုယန်းယီ၏ စွမ်းရည်ကို အံ့အားသင့်နေကြလေသည်။

သူမက ရေခဲတောင်ထိပ်တွင်ပွင့်သော ကြာပန်းပွင့်ပမာ ပြိုင်ပွဲစင်မြင့်ထက်တွင် အေးတိအေးစက်ရပ်နေရင်း ရေခဲလိုအေးစက်သောအကြည့်များဖြင့် ရှီမိသားစုကို ကြည့်နေသည်။

လေ့လာနေကြသော သိုင်းသမားများသည် သူမ၏ ခန္ဓာကိုယ်အချိုးအစားကိုလဲ သတိပြုမိနေကြပြီး ၀င်းလက်သောမျက်လုံးများဖြင့် ရှုစားနေကြလေ၏။
ဒီလိုနုနုနယ်နယ် မိန်းမငယ်လေးက ဒီလိုရက်စက်သောတိုက်ခိုက်မှုမျိုးပြုနိုင်သည်ဟုလည်း တွေးထင်နေကြပေလိမ့်မည်။

ရှီမိသားစုဖက်ခြမ်းတွင်တော့ လူအားလုံးက မျက်နှာထားများ သုန်မှုန်ကုန်ကြသည်။
ရှီတေးက နှလုံးခုန်မြန်နေသော်လည်း မိုထူဝါးကို စူးစူးဝါးဝါးစိုက်ကြည့်နေရုံမှအပ ဘာမှမတတ်နိုင်။
ဒါက သိုင်းပြိုင်ပွဲဖြစ်ပြီး ရှုံးနိမ့်သူသည် အများရှေ့တွင် နှိမ်နင်းခံရခြင်းဖြစ်သောကြောင့် ဘာမှပြောဖို့အခွင့်အရေးမရှိချေ...
တစ်ပွဲကိုအနိုင်ယူခြင်းဖြင့်သာ တစ်ပွဲ၏ရှုံးနိမ့်ခြင်းကို ပယ်ဖျက်နိုင်သည်။

"မိသားစုခေါင်းဆောင်...သခင်လေးထျန်းလုံက အတွင်းဒဏ်ရာအကြီးအကျယ်တော့မရပါဘူး...ဒါပေမဲ့ သူက သုံးနှစ်လောက်တော့ သိုင်းပညာလေ့ကျင့်နိုင်မှာမဟုတ်ဘူး..."
ရှီမိသားစု ခေါင်းဆောင်ငယ်တစ်ဦးက ရှီဂျန်နှင့်ရှီတေးထံလာရောက်ပြောကြားသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now