အပိုင်း ၁၂၇

2K 190 0
                                    

God of Slaughter (chapter - 127)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၇) သင်္ချိုင်းဋ္ဌာနခွဲ

"အလောင်းကျွန်တွေ..?..."
ရှီယန်က သံယောင်လိုက်မိသည်။
"ဒီအလောင်းကောင်တွေက အလောင်းကောင်ဂိုဏ်းကပိုင်တဲ့ဟာတွေပေါ့..."

"အလောင်းကောင်ဂိုဏ်းနဲ့ ယင်ယန်နယ်မြေထူးက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။
နှစ်ဖက်စလုံးက ထိုင်ထူပင်လယ်မှာ အခြေစိုက်ကြတာဆိုတော့လေ...
အလောင်းကောင်ဂိုဏ်းမှာ ဂိုဏ်းသားတွေက အလောင်းကောင်တွေကို ထိန်းချုပ်ပြီး တိုက်ခိုက်ကြတယ်...သူတို့က အလောင်းကောင်တွေကို မွမ်းမံရာမှာ သိပ်ကို ဆန်းကြယ်တဲ့ နည်းစံနစ်တွေ ပိုင်ဆိုင်တယ်...သူတို့လေ့ကျင့်တဲ့သိုင်းပညာတွေကလဲ အလောင်းကောင်တွေနဲ့ပဲ ရာနှုန်းပြည့်နီးပါး ဆက်စပ်နေတယ်.."
ရှာစင်းယန်က မျက်မှောင်ကြုံ့ရင်းပြောနေသည်။
သူမ၏မျက်နှာက ရွံရှာဟန်အပြည့်နှင့်ဖြစ်သည်။
"ဒီဂိုဏ်းရဲ့ တပည့်တွေက သူတို့ စွမ်အင်လေ့ကျင့်မှုအဆင့်အတန်းအလိုက် အလောင်းကောင်တွေကို ထိန်းချုပ်ခွင့်ရကြတယ်...အန္တရာယ်အဆင့်သိုင်းသမားတစ်ယောက်ရဲ့အလောင်းဟာ အလောင်းကောင်ဂိုဏ်းရဲ့ မွမ်းမံမှုပြုလုပ်ပြီးသွားရင် အဲ့ဒီလူ အသက်ရှင်နေတုန်းကထက် ပိုကြောက်စရာကောင်းလာတယ်..."

"ဒီအလောင်းကောင်တွေအားလုံးက သူတို့ဂိုဏ်းအတွက် အလောင်းကျွန်တွေလား..."

"ဟုတ်တယ်... ဒါပေမဲ့ ဒီအလောင်းတွေက မွမ်းမံမှု မပြုလုပ်ရသေးဘူး... ဒီအလောင်းတွေက ဒီအတိုင်းဆို ပုံမှန်သဘာဝအတိုင်း ပျက်စီးသွားမှာပဲ..ဒါပေမဲ့ အလောင်းကောင်ဂိုဏ်းရဲ့ မွမ်းမံမှုပြီးသွားရင်တော့ ဒီအလောင်းတွေဟာ အရမ်း ကြောက်စရာကောင်းသွားပြီ...
သူတို့ဂိုဏ်းရဲ့ တချို့အလောင်းတွေဆိုရင် နှစ်ပေါင်း ထောင်နဲ့ချီအောင် မြှုပ်နှံပြီး မွမ်းမံမှုတွေ ပြုလုပ်ထားပြီးသားဖြစ်တယ်... အဲ့ဒီအလောင်းကောင်တွေဟာ ဖျက်ဆီးလို့မရနိုင်တဲ့ ခန္ဓာကိုယ်ရှိပြီး အံ့သြဖွယ်ရာ အစွမ်းတွေ ပိုင်ဆိုင်လာကြပြီ..တချို့ဆိုရင် ဓါတ်ကြီးငါးပါးကိုတောင် နားလည်အသုံးချနိုင်ကြတယ်...သူတို့တွေက အလောင်းကောင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး လက်နက်တွေပဲ..."

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now