အပိုင်း ၈၃

2.2K 218 2
                                    

God of Slaughter (chapter – 83)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၃) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း

ခရီးက ဆက်ခဲ့ပြီဖြစ်သည်။

ရှီယန်၏ မြင်းလှည်းက ပျက်စီးခဲ့ပြီဖြစ်သည်။သူက မြင်းပေါ်တွင်တော့ အတွင်းအားကျင့်၍မဖြစ်ချေ။သို့သော်လည်း သေခြင်းရှင်ခြင်းနိမိတ်တော်သိုင်းပညာကို လေ့ကျင့်နိုင်မည့်နည်းလမ်းတစ်ခုတော့ရှာထားရပါသည်။

ညဖက် အနားယူချိန်တိုင်း အစာစားပြီးသည်နှင့် သူက အကြောင်းအမျိုးမျိုးပြကာ ထွက်သွားလေ့ရှိသည်။
ထို့နောက် တစ်နေကုန် စဉ်းစားထားသောနည်းစံနစ်များကို တစ်ညလုံး စမ်းသပ်လေ့ကျင့်ကာနေလေ့ရှိ၏။

သို့သော်လည်း သူက ရှင်ခြင်းနိမိတ်တော်နှင့် သေခြင်းနိမိတ်တော်ကို ပေါင်းစပ်ဖို့ကြိုးစားတိုင်း ကျရှုံးမြဲဖြစ်လို့နေသည်။

သေခြင်းရှင်ခြင်းတံဆိပ်တော်အဖြစ်ပေါင်းစပ်ရန်မှန် အမှန်ပင် ခက်ခဲလွန်းလှသည်။
သူက ရှင်ခြင်းနှင့် သေခြင်း နိမိတ်တော်စွမ်းအင်များကို ဖော်ထုတ်ပြီး ပေါင်းစပ်လိုက်ချိန်တိုင်း အလုပ်မဖြစ်ချေ။

ရှင်ခြင်းနိမိတ်တော်က အရင်ထွက်လျှင်ထွက် မဟုတ်လျှင် သေခြင်းနိမိတ်တော်က အရင်ထွက်သွားလေ့ရှိသည်။

သူက သေခြင်းရှင်ခြင်းနိမိတ်တော်သိုင်းပညာအစစ်အမှန်ကိုဖော်ထုတ်ရန်ဆိုလျှင် နိမိတ်တော်နှစ်မျိုးစလုံးကို တစ်ပြိုင်နက်ထဲထုတ်လွှတ်ရန် လိုအပ်ပေသည်။

ဒါက အလွန်တရာ အားစိုက်ထိန်းချုပ်ရန်လိုအပ်သည်။ပျက်သုန်းခြင်းစွမ်းအင်များနှင့် ကီစုစည်းမှုများကို လက်နှစ်ဖက်တွင်တစ်ပြိုင်နက်ထဲ စုစည်းသိပ်သည်းစေကာ ပြိုင်တူထုတ်လွှတ်ရမည်။ဘာခြွင်းချက်မျှမရှိ။

ရှီယန်က အမြဲ သတိထားနေသော်လည်း တကယ်ထုတ်ဖော်လေ့ကျင့်လိုက်ချိန်တွင်တော့ လွဲချော်နေမြဲပင်ဖြစ်သည်။

နောက်ဆုံးတော့ သေမင်းနွံတောနှင့် နီးကပ်လာပြီဖြစ်သောကြောင့် ရှီယန်က လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ရလေသည်။
တကယ်တော့ တစ်ကြိမ်တစ်ကြိမ်လေ့ကျင့်ရန် အသုံးပြုရသော ကီစုစည်းမှုနှင့် ပျက်သုန်းခြင်းစွမ်းအင်များက ပမာဏများပြားလွန်းလှသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now