အပိုင်း ၁၂၉

2K 175 0
                                    

God of Slaughter (chapter - 129)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၉) ကောင်းကင်အလောင်းကျွန်

ပုံသဏ္ဍန်အမျိုးမျိုးသော ဂူသင်္ချိုင်းများက သင်္ချိုင်းဋ္ဌာနခွဲ ကျွန်းတစ်ကျွန်းလုံးဖြန့်ကျက်နေသည်။

ကျွန်း၏အလယ်တွင်တော့ ကျောက်သားမျှော်စင်များ ထီးထီးမားမား တည်ရှိနေသည်။
ထိုမျှော်စင်များက အပေါက်သုံးပေါက်ရှိသော ဂူသင်္ချိုင်းကြီးတစ်ခုကို ၀န်းရံထားခြင်းဖြစ်၏။

ရှီယန်နှင့် ရှာစင်းယန်တို့က အလောင်းကောင်ဂိုဏ်းသားများနှင့် ယင်ယန်နယ်မြေထူး အဖွဲ့သားများနောက်မှ လိုက်ပါလာကြသည်။
လမ်းတစ်လျှောက်လုံး များပြားလှသော သင်္ချိုင်းဂူများကို ဖြတ်သန်းခဲ့ကြပြီး ကျွန်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။

ပတ်ပတ်လည်ရှိ ကျောက်သားမျှော်စင်များထဲတွင် ယင်ယန် နယ်မြေထူးမှ တပည့်တပန်းများ ရောက်ရှိနေကြသည်။
မျှော်စင်များထဲတွင် အလောင်းကောင်ဂိုဏ်းသားများနေရာယူထားနှင့်ပြီးဖြစ်ကာ အကုန်လုံးကလဲ ကိုယ်တာဝန်ယူထားရသည့် မွမ်းမံနေဆဲဖြစ်သော အလောင်းကျွန်များထားရှိရာ အုတ်ဂူများအနီးတွင် ရှိနေကြသည်။

ယင်ယန်နယ်မြေထူး၏ ဂိုဏ်းခွဲမှူးနှစ်ဦးဖြစ်သော လီချွမ်နှင့် ကျူယွီအူတို့ကလဲ အလောင်းကောင်ဂိုဏ်းမှ ကမ္ဘာမြေအဆင့် သိုင်းသမားတစ်ယောက်နှင့်အတူ ကျောက်တုံးမျှော်စင်တစ်ခုဆီသို့ ရောက်ရှိလာကြသည်။
သူတို့က ပစ္စည်းတန်ဖိုးပေးချေမှုအတွက် ဆွေးနွေးနေကြဆဲဖြစ်သည်။

လီဝေကတော့ အန္တရာယ်အဆင့် အလောင်းကောင်ဂိုဏ်းသားတစ်ချို့နှင့် သွားရောကာ အလုပ်ရှုပ်နေသည်။
သူတို့က ယင်ယန်နယ်မြေထူး၏ ကမ္ဘာမြေအဆင့် သိုင်းသမားနှစ်ယောက်၏ နောက်တွင်ရပ်နေကြပြီး ရှီယန်နှင့် ရှာစင်းယန်တို့ကို မကြာခန လှမ်းကြည့်နေကြသည်။

ရှီယန်တို့က ထိုကျောက်တုံးမျှောင်စင်အတွင်းသို့ ၀င်ဝင်ချင်း အကြမ်းဖျင်း အကဲခတ်လိုက်ကြပြီးဖြစ်သည်။
ဒီအထဲမှာ အ၀င် ကျောက်တံခါးမကြီးကလွဲပြီး အခြားဝင်ပေါက်ထွက်ပေါက်မရှိ။
တံခါးအပြင်ဖက်တွင်တော့ ယင်ယန်နယ်မြေထူးမှ အားကောင်းသော တပည့်အနည်းငယ်နှင့် အလောင်းကောင်ဂိုဏ်းသားအချို့က မသိမသာ ပိတ်ဆို့နေရာယူထားကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now