အပိုင်း ၁၉၀

1.7K 178 0
                                    

God of Slaughter (chapter - 190)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၀) မိစ္ဆာနယ်သားများ ကျူးကျော်ခြင်း

"လွန်ခဲ့တဲ့ ခြောက်လလောက်က...မိစ္ဆာနယ်မြေသားတွေဟာ စကြာဝဠာဖြတ်မှတ်တွေကတစ်ဆင့် ခိုင်ရာပင်လယ်ပြင်ထဲကို ၀င်ရောက်လာခဲ့ကြတယ်...လေးခုမြောက်မိစ္ဆာနယ်မြေကို သွားတဲ့ ကောင်းကင်ဘုံ တံခါးဝဟာလဲ ကျူးကျော်သိမ်းပိုက်ခံလိုက်ရတယ်...
ဒီတကြိမ်တော့ မိစ္ဆာနယ်မြေသားတွေဟာ အရမ်း ရန်လိုနေကြတယ်...အရှင်မိုဟာလဲ တပ်မှူးအဖြစ် ဆင့်ခေါ်ခြင်းခံရပြီး အင်မော်တယ်ကျွန်းကို စစ်ကူပေးဖို့ ပြန်သွားခဲ့ပြီ..."

တုလျိုဟုခေါ်သော ထို ရှူရာတမန်တော်က သွေးစိမ်းလင်းနို့ကို မောင်းနှင်နေရင်း ရှီယန့်ကို ယခုလက်ရှိအခြေအနေများအား ရှင်းပြနေသည်။

သူ့စကားအရ ရှီယန်က သူ မီးတောင်အတွင်းတွင် အချိန် ခြောက်လကျော် ခုနှစ်လခန့် ကြာမြင့်သွားခဲ့ကြောင်း သိရသည်။

ဒီ နှစ်ဝက်ခန့်အတွင်း ခိုင်ရာပင်လယ်ပြင်တွင် မျှော်လင့်မထားခဲ့သော အဖြစ်အပျက်ကြီး ဖြစ်ပွားသွားခဲ့လေသည်။

ရှာမိသားစုက ရှာစင်းယန်၏ ၀ိညာဉ် ထိခိုက်ဒဏ်ရာရသွားသည်ကို သိသောအခါ မီးတိမ်တိုက်ကျွန်းသို့ ရောက်ရှိလာခဲ့ကြသည်။

ရှာမိသားစုမှ လာခဲ့ကြသူများသည် ရှာစင်းယန်၏ အသိစိတ်ပြန်လည်လာအောင် မလုပ်နိုင်ခဲ့ကြပါ။
ဟုချင်းမန်၏ စကားအရ သူတို့က ရှာစင်းယန်၏ ၀ိညာဉ် ထိခိုက်မှုသည် ရှီယန့် ပရောဂနှင့် မကင်းသည်ကို သိရှိသွားခဲ့ကြပြီး သူတို့က ရှီယန့်ကို ပြစ်ဒဏ်ခတ်ရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော်လည်း မီးတောင် ထိပ်ဝကို မိုသွမ့်ဟွမ်က စောင့်ရှောက်နေပြီး ရှီယန်ကလဲ မီးတောင်ထဲမှ ပြန်ထွက်မလာသေးသောကြောင့် သူတို့က ဘာမှမတတ်နိုင်ပဲ ရှီယန့်ကို စစ်ကြောရန် အချိန်ကို ရွှေ့ဆိုင်းလိုက်ကြသည်။
ပြီးတော့ သူတို့က ရှာစင်းယန်ကို ပြန်ခေါ်သွားခဲ့ကြသည်။

လွန်ခဲ့သော ခြောက်လက လေးခုမြောက် မိစ္ဆာနယ်မြေမှ မိစ္ဆာများသည် မတည်ငြိမ်သော စကြာဝဠာဖြတ်မှတ်များကို အတင်းအဓ္ဓမ ချိုးဖျက်ကာ ခိုင်ရာပင်လယ်ပြင်သို့ ၀င်ရောက်ရန်အတွက် သူတို့၏ အသက်များကို စတေးခဲ့ကြသည်။
မိစ္ဆာနယ်မြေသားများက ကျွန်းပေါင်းမြောက်များစွာကို ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့ကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now