အပိုင်း ၂၈

2.9K 283 0
                                    

God of Slaughter (chapter – 28)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈) ပေါက်ကွဲမှုကြီး

    မြောင်ယီဒီး၏ သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်ခါသွားပြီး နံဘေးရှိသစ်ပင်ကို လှမ်းမှီထားလိုက်ရသည်။သူမ၏ပါးပြင်ပေါ်သို့ ပူနွေးသောမျက်ရည်များက အတားဆီးမဲ့စွာ စီးကျလာတော့သည်။

ခရီးတစ်လျှောက်လုံး လူဟာနှင့် ရွယ်စင်းတို့က မတ္တာအပြည့်ဖြင့် သူမကို အစွမ်းကုန် စောင့်ရှောက်ကာကွယ်ခဲ့ကြသည်။လူဟာဆိုလျှင် သူမ၏အရိပ်လိုပင်ဖြစ်နေပြီး သူ့ကြောင့်သာမဟုတ်လျှင် သူမ ဒီနေ့ဒီချိန်ထိ အသက်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။

လူဟာနှင့် ရွယ်စင်း သေသွားပြီဟု ကြားလိုက်ရသောအခါ မြောင်ယီဒီး၏ စိတ်ဓါတ်များက ဟိုး အဆုံးထိ ထိုးကျသွားပြီး သူမကိုယ်တိုင် ဆက်လက် ရှင်သန်ရမည်လား မစဉ်းစားတတ်တော့ပေ။

ဒီယာလန်း၏ မျက်နှာလေးကလဲ နီရဲခက်ထန်နေပြီး သူမ၏ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေကြသည်။သောက အပူမီးလောင်မြိုက်နေသောကြောင့် သူမက အံတင်းတင်းကြိတ်ထားရင်း တုန်ယင်နေသော အသံဖြင့် လှမ်းမေးလိုက်သည်။
“ဘယ်သူ့လက်ချက်လဲ…”

ရှိုက်ကြီးတင် ငိုနေသော ဟူလုံက တံတွေးတစ်ချက် မျိုချလိုက်ရင်း အဖြစ်အပျက်အားလုံးကို အသေးစိတ် ပြောပြလိုက်သည်။ထို့နောက် သူက ဆက်လက်၍…
“အမှောင်ကမ္ဘာကလူတွေရယ် မာန်စွယ်ကြေးစားတပ်ဖွဲ့အပြင် Merchant တိုင်းပြည်က မိုမိသားစုဝင်တွေလဲ ပါသေးတယ်…လူတစ်ယောက်က ကီစုစည်းမှုမဟုတ်တဲ့ လျှပ်စီးကြောင်းတွေကို ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်…ဒါက မိုမိသားစုရဲ့ လျှပ်စီးသိုင်းဝိဥာဉ်ပဲ…”

“မာန်စွယ်ကြေးစားတပ်ဖွဲ့..အမှောင်ကမ္ဘာ…မိုမိသားစု…”
ဒီယာလန်းက သွားများကျိုးကြေတော့မတတ် အံကြိတ်နေရင်း ရုတ်တရက်အော်ဟစ်လိုက်သည်။
“နင်တို့အားလုံး ပြန်ပေးဆပ်ရမယ်….”

ရှီယန်က လျှပ်စီး သိုင်းဝိဥာဉ်အကြောင်း ကြားလိုက်ရချိန်တွင် မျက်မှောင်ကြုံ့သွားမိသည်။မိုမိသားစု၏ ပစ်မှတ်က မိမိဖြစ်သည်ကို သူချက်ချင်းနားလည်လိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now