အပိုင်း ၂၁

3K 313 0
                                    

God of Slaughter (chapter - 21)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁) စိတ္တဇကောင်

     ရှီယန် ခြေကားယားလက်ကားယားဖြင့် ပက်လက်လှန်ကာ လှဲနေသည်။သူ့မျက်နှာက ယခုပင် ပေါက်ထွက်တော့မည်ကဲ့သို့ အနီပုတ်ပုတ်ရောင်ဖြစ်နေသည်။အသက်ကို အလုအယက်ရှူနေရပြီး သူ့ခန္ဓာကိုယ်ကလည်း အကြောဆွဲသလို ဆတ်ကနဲ ဆတ်ကနဲ ဖြစ်နေသည်။

ကောင်းကင်ကြီးပေါ်မှ တလက်လက်တောက်ပနေသော ကြယ်လေးများကို ကြည့်ရင်း သူ့ကိုယ်တွင်းရှိ ဆဲလ်တစ်ခုချင်းစီက တုန်ခါနေမှုကို ရှီယန်ခံစားနေရသည်။သူ၏ ကြွက်သားများ အရိုးများ အကြောများက ကျယ်ပြန့်လာလိုက် ပြန်ကြုံ့သွားလိုက်ဖြစ်နေသောကြောင့် သူ အကြောဆွဲသလိုဖြစ်နေခြင်းဖြစ်သည်။

သူ့ကီစုစည်းမှုကို ထုတ်ဖော်အသုံးမပြုပဲ ရှီယန် သူ့မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။သူ့ခန္ဓာကိုယ်၏ ဆန်းကြယ်သော ပြောင်းလဲမှုကို စတင်ခံစားကြည့်နေလိုက်သည်။အရိုးထဲ အသားထဲကပင် သိမ့်သိမ့်တုန်နေ၏။ ထူးဆန်းအံ့သြဖွယ်ရာ ဆဲလ်တစ်ခုခြင်းစီ၏ ပျက်စီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစဉ် များက သူ့ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းလာစေပေလိမ့်မည်။

ပြင်းထန်သောအားကစားများ၏ ရိုင်းစိုင်းကြမ်းတမ်းသော သဘောသဘာဝကြောင့် ယခု သူ၏ ကန့်သတ်မှုကို ချိုးဖျက်နိုင်ခဲ့ခြင်းသည် နောက် လာလတ္တံ့သော စိန်ခေါ်မှုများ၏ အစပင်ဖြစ်ကြောင်း သူသိရှိနားလည်ထားသည်။

လူ့ခန္ဓာကိုယ်၏ အဆုံးအစွန်စွမ်းဆောင်နိုင်စွမ်း(ကန့်သတ်ချက်)သည်အမြဲတစေပင် ချိုးဖျက်၍ရပေသည်။အဆက်မပြတ် လေ့ကျင့်ခြင်းများက လူ့ခန္ဓာကိုယ်၏ လုပ်ဆောင်နိုင်စွမ်းကို အကန့်အသတ်မဲ့စေသည်။ထို့ကြောင့်လဲ ယခင် သူနေခဲ့သောကမ္ဘာမှ လူသားများသည် ကမ္ဘာ့စံချိန်များကို အကြိမ်ကြိမ်ချိုးခဲ့ကြသည်မဟုတ်ပါလား။

လဲကျရင်ပြန်ထ၊ ပြုတ်ကျရင်ပြန်တက်၊ အကြိမ်ကြိမ်အထပ်ထပ် မနားမနေလေ့ကျင့်ခဲ့သော ဇွဲသတ္တိများဖြင့်သာ စံချိန်များကို ချိုးဖျက်ရခြင်းဖြစ်ကြောင်း အားကစားသမားကြီး ရှီယန် နားလည်သဘောပေါက်ထားပေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now