အပိုင်း ၈၉

2.2K 226 0
                                    

God of Slaughter (chapter – 89)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၉) ယင်ကီပုလဲများဖြစ်တည်လာခြင်း

ရှီယန့်အပေါ်တွင် လွင့်မျောနေသော ၀ဲကတော့ကြီးသုံးခုမှာ ဧရာမ မိုးတိမ်တောင်ကြီးများသဖွယ်ဖြစ်တည်လာကာ ယင်ချိုင့်ဝှမ်းထဲရှိ ကောင်းကင်တစ်ပြင်လုံးဖုံးလွှမ်းလို့နေသည်။

ယင်ကီစွမ်းအင်များက စုပ်ယူခြင်းခံရပြီး ၀ဲကတော့ကြီးများအတွင်း စစ်ထုတ်သန့်စင်ခြင်းခံရကာ မီးခိုးရောင်အလင်းစက်လေးများ ဖြစ်ပေါ်လာသည်။

ရှီယန့်အထက်ကလေထုထဲတွင်ရှိသော ယင်ကီများက နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သော ယင်ကီထုကြီးဖြစ်သော်လည်း ၀ဲကတော့ကြီးများက အားလုံးကုန်အောင် စုပ်ယူတော့မည့်အလားပင် မရပ်မနား ၀ါးမျိုလို့နေသည်။

ရှီယန့်အမူအယာက အလေးအနက်ဖြစ်လာသည်။
သူက ဒွိဟအခြေအနေတွင် ရောက်ရှိလို့နေသည်။

အထက်ဝဲကတော့ကြီးများအတွင်း ၀ဲလည်လှည့်နေသော မီးခိုးရောင်အလင်းစက်များက လမ်းကြောင်းတစ်ခုအတိုင်း အောက်သို့ စီးဆင်းလာကြပြီး ရှီယန့်ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်သွားကြသည်။

ရှီယန့်ခန္ဓာကိုယ်က မပြည့်နိုင်သော လေဟာပြင်ကြီးသဖွယ်ဖြစ်လို့နေပြီး ၀င်လာသမျှ မီးခိုးရောင်အလင်းစက်များကို အဆက်မပြတ် စုပ်ယူဝါးမျိုလို့နေသည်။

ရှီယန့်ကိုယ်တွင်းမှ မီးခိုးရောင်ဖျော့ဖျော့အလင်းများဖြာထွက်လာကာ အနီးပတ်ဝန်းကျင်ရှိလေထုပင် တွန့်လိမ်လှုပ်ရှားလို့နေပြီဖြစ်သည်။

ရှီယန့်အနီးသို့ တိုးကပ်ရန်ကြိုးစားလျှင် ပြင်းထန်လှသော ယင်ကီများကြောင့် အေးစက်တောင့်တင်းသွားကာ ခုခံကာကွယ်ဖို့ ကီစုစည်းမှုကို ထုတ်ဖော်လိုက်ကြရလေသည်။

ရှီယန်က ကျောက်တုံးတစ်တုံးလို မလှုပ်မယှက်ထိုင်နေချိန် သူ့အထက်ရှိ ၀ဲကတော့ကြီးသုံးခုက ယင်ချိုင့်ဝှမ်းထဲရှိ ယင်ကီစွမ်းအင်များကို စုပ်ယူစစ်ထုတ်ကာ အသန့်စင်ဆုံးသော ယင်ကီများကို ထုတ်လုပ်ပေးနေသည်။ရှီယန့်ကိုယ်ထဲသို့စီးဝင်နေကြသော မီးခိုးရောင်အလင်းစက်များက သန့်စင်သောယင်ကီပုံစံတစ်မျိုးဖြစ်နေ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now