အပိုင်း ၁၀၅

2.4K 231 4
                                    

God of Slaughter (chapter – 105)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၀၅) ကြယ်တာရာသိုင်းဝိဥာဉ်

ရှီယန်က အရှေ့အရပ်သို့ ဦးတည်လျှောက်လှမ်းနေဆဲ…

သေမင်းနွံတောက အဆိပ်မြူခိုးများ ရွှံ့နွံအိုင်များနှင့် ပြည့်နှက်နေသည်။
ထိုသို့သောဒေသတွင် ဖြတ်သန်းသွားလာရန်မူ သတိကြီးစွာထားမှတော်ကာကျပေလိမ့်မည်။
မဟုတ်ရင် အဆိပ်ငွေ့များ ရှူမိကာ မူးမေ့လဲကျရာမှ အသက်ဆုံးရှုံးသွားနိုင်သလို နွံနစ်သွားလျှင်လဲ ပြန်လမ်းမရှိပါ။
ထို့ပြင် မိစ္ဆာသားရဲများအန္တရာယ်ကလဲရှိသေးသည်။

သေမင်းနွံတော၏ အရှေ့ဖက်ခြမ်းက လူသူအေ၇ာက်အပေါက်နည်းလှသောကြောင့် တောကြမ်းလှသည်။

လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲများကို အမဲလိုက်နေကြသော သို့မဟုတ် ဆေးပင်ဆေးမြစ်ရှာဖွေနေကြသော
ကြေးစားစစ်သည်များ သိုင်းသမားများကို ရှီယန် ကြုံကြိုက်ခဲ့ပါသည်။
သို့သော်လည်း အားလုံးနီးပါးက အဆင့်နိမ့်တွေချည်းသာဖြစ်သည်။
အများအားဖြင့် အခြေခိုင်အဆင့်များသာဖြစ်ကြပြီး လူသားအဆင့် အနည်းငယ်မျှသာပါသည်။
ရှီယန်က သေမင်းနွံတောကို ဖြစ်နိုင်သမျှ မြန်မြန်ဖြတ်ကျော်လိုသောကြောင့် ထိုလူများနှင့် ပဋိပက္ခ မဖြစ်လိုပါ။
အသာပင် ရှောင်ထွက်ခဲ့လိုက်ပါသည်။
ထိုလူများသူ့ကို မမြင်တွေ့သောကြောင့် အကယ်၍ ဘိန့်မင်ရှန်သာ သူ့နောက်လိုက်လာလျှင်လဲ ထိုသူများထံမှ ဘာသတင်းမှရမည်မဟုတ်ပါ။

ထိုညတွင်

ရှီယန်က တစ်စုံတစ်ခုကို စဉ်းစားမိသောကြောင့် ဘိန့်မင်ချီ၏ ကောင်းကင်ခွဲဓါးနှင့် သလင်းကြေးခွံ ချပ်ဝတ်တန်ဆာတို့ကို အိတ်ထဲမှ ထုတ်ယူလိုက်သည်။
ထို့နောက် အစိမ်းရောင်နွံပြင်တစ်ခုထဲ လွှင့်ပစ်လိုက်ကာ နစ်မြုပ်သွားသည်အထိ စောင့်ကြည့်နေလိုက်လေသည်။

ကောင်းကင်ခွဲဓါးနှင့် သလင်းကြေးခွံချပ်ဝတ်တန်ဆာတို့က ဘိန့်မင်ရှန်ကိုယ်တိုင် မွန်းမံထားသော အဆင့်လွန် ရတနာများဖြစ်သည်။
ထိုရတနာများတွင် ဘိန့်မင်ရှန်၏ အသိစိတ်အချို့ ပါဝင်ကောင်း ပါဝင်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဘိန့်မင်ရှန်က ဘယ်လောက်ဝေးဝေး သူ့စိတ်ဖြင့် ဆက်သွယ်အာရုံခံနိုင်စွမ်းရှိနေနိုင်သည်ဟု ရှီယန် အတွေးပေါက်မိသောကြောင့်ဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now