အပိုင်း ၁၂၂

2.1K 208 15
                                    

God of Slaughter (chapter – 122)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၂) ယင်ယန် နယ်မြေထူး

သမုဒ္ဒရာကြီးအလယ်မှ သဲကျွန်းကလေးပေါ်ဝယ်…

ငါးကင်ကို စားလိုက်ရခြင်းက ရှီယန်ရော ရှာစင်းယန်ကိုပါ စိတ်လက်ပေါ့ပါးသွားစေသည်။

အထူသဖြင့် ရှာစင်းယန်မှာ ၀မ်းဗိုက်ထဲ ငါးကင်တစ်ကောင်ဝင်သွားပြီးနောက် သူမ၏မျက်နှာလေးက ပိုမို နွေးထွေးလာသည်။

စားသောက်ပြီးနောက် ရှီယန်က တစ်စုံတစ်ရာကို စဉ်းစားနေဟန်တူ၏။
ထို့နောက် သူ့အိတ်ထဲမှ ပုလင်းသေးသေးလေးတစ်လုံးကို ထုတ်ယူကာ ရေစပ်သို့ဆင်းသွား၏။
ပုလင်းထဲမှ အမှုန့်များကို လက်ပေါ်သို့ သွန်ချကာ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်ကာ ပင်လယ်ရေဖြင့် မျက်နှာသစ်လိုက်လေ၏။

ခနကြာတော ရှီယန်က ရှာစင်းယန်ဘေးသို့ ပြန်ရောက်လာသည်။

မျက်လုံးများ ကျယ်သွားပြီးနောက် ရှာစင်းယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း
“ကလိမ်ကကျစ်ကောင်…ဒါဆို ဒါက နင့်မျက်နှာ အစစ်ပေါ့…ဟမ်…”

ရှီမိသားစုတွင်တုန်းက သိုင်းပြိုင်ပွဲအတွက် သူ၏ ဇာတိရုပ်ကို ဖုံးကွယ်ရန် ရုပ်ဖျက်ပညာရှင်တစ်ယောက်နှင့် ရုပ်ဖျက်ထားခဲ့ရသည်မဟုတ်လော။

ခုတော့ သူက အရှေ့ပင်လယ်ကို ရောက်နေပြီး ဘိန့်မင် လင်း မိုမိသားစုတို့လဲ မရှိကြတော့။အနာဂါတ်တွင် သူ၏ မူလရုပ်သွင်ကို ဖုံးကွယ်ထားစရာအကြောင်းမရှိ။
ထို့ကြောင့် သူက ရုပ်ဖျက်ဆေးများကို ဆေးကြောလိုက်ခြင်းဖြစ်သည်။

ရုပ်ဖျက်ဆေးများမရှိတော့သောအခါ ရှီယန်၏ အသွင်အပြင်က တော်တော်လေး ခြားနားလို့သွားသည်။
ခပ်မှောင်မှောင်အသားအရေက ပိုလင်းလာကာ ထူထဲသော မျက်ခုံးများကလဲ ထက်ရှသော ဓါးတစ်စင်းပမာ ခပ်သွယ်သွယ်ပြန်ဖြစ်သွားသည်။
သူ့မျက်နှာက အနည်းငယ် ပိုချွန်လာပြီး ကြမ်းတမ်းသောအသွင်အပြင်များ လျော့ကျသွားသည်။
သို့သော်လည်း အေးတိအေးစက်နှင့် ရက်စက်တတ်သောဟန်က ပိုမိုပေါ်လွင်လာသည်။
သူက သူမတူသော ဦးမညွှတ်သော တိကျပြတ်သားသော အသွင်အပြင်ကို ပိုင်ဆိုင်၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now