အပိုင်း ၅၇

2.5K 248 0
                                    

God of Slaughter (chapter – 57)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၅၇) ကျနော့်ဆီမှာရှိတယ်

     ကျောက်တုံးအိမ်လေး၏ တတိယထပ်တွင်….
    
ဇူခွါးနှင့်ရှီဂျန်တို့၏မျက်နှာများက တည်ကြည်လေးနက်သွားကြသည်။သူတို့၏ တောက်ပသောမျက်လုံးများက လိပ်ခွံပေါ်လက်တင်ထားသော ဇူရှီ့ကို မျက်တောင်မခတ်စိုက်ကြည့်နေကြ၏။

ဇူမိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် ဇူခွါးက အတော်လေး စိတ်လှုပ်ရှားနေသည်။သူကလက်သီးဆုပ်ထားမိရင်း နှုတ်ခမ်းထောင့်စွန်းများက မသိမသာ တုန်ခါနေသည်။

ဇူရှီဆိုသည်မှာ ဇူမိသားစု၏ အနာဂါတ်ပင်ဖြစ်သည်။ဇူမိသားစု အနာဂါတ်တွင် မည်မျှ အားကောင်းလာမည်ဆိုသည်မှာ ဇူရှီ အနာဂါတ်တွင် မည်သည့်အဆင့်ထိ ထွန်းပေါက်နိုင်မည်ဆိုသည့်အပေါ်တွင် မူတည်နေသည်မဟုတ်လော…။

ဘိန့်မင်ရှန် က ယင်းခွေနှင့် ကျီစင်းကို ဘိန့်မင်ချီ၏ သက်တော်စောင့်အဖြစ်ထားရှိခြင်းမှာလဲ ထိုသဘောပင်ဖြစ်သည်။ဘိန့်မင်ချီ အင်အားကြီးမလာခင် တစ်ခုခုဖြစ်သွားမှာစိုးရိမ်သောကြောင့်ပင်ဖြစ်သည်။အဓိကရည်မှန်းချက်မှာ အနာဂါတ်တွင် မိသားစု၏ သြဇာအာဏာ တည်မြဲရေးပင်မဟုတ်ပါလော…။

ပြိုင်ဆိုင်မှုပြင်းထန်လှသော အင်အားကြီးများ မိသားစုကြီးများကြားတွင် မိမိပုံရိပ်ကို ထိန်းသိမ်းနိုင်ရန် အရေးကြီးလေသည်။
သာမာန် မိသားစုအဆင့်မှ မိသားစုကြီး စာရင်းဝင်သွားရန် သို့မဟုတ် မိသားစုကြီးတစ်ခုမှ သာမာန်မိသားစုအဆင့်သို့ လျှောကျသွားရန်မှာ ဆယ်စုနှစ်တစ်ခုအတွင်းပင် ဖြစ်ပျက်သွားနိုင်ပေသည်။ထို့ကြောင့် မိသားစုကြီးများက သူတို့အနာဂါတ်မျိုးဆက်များကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးနေကြခြင်းပင်ဖြစ်၏။

ထိုအချိန်တွင် ရှီယန်ကတော့ အေးအေးသက်သာပင် ဇူခွါး၏ အမူအယာများကို စောင့်ကြည့်လျှက်ရှိသည်။

အနည်းငယ် ပျက်ယွင်းနေသော ဇူခွါးအခြေအနေကြာင့် ဇူခွါးက ဇူရှီ့ကို မိသားစု၏ အရေးကြီးသော အဖိုးတန်ရတနာအဖြစ် သဘောထားကြောင်း နားလည်လိုက်သည်။မိသားစုခေါင်းဆောင်များ၏ အနာဂါတ် ပုံရိပ်အတွက် စိုးရိမ်မှုကိုလဲ သူစဉ်းစားမိသွားပါသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now