အပိုင်း ၁၅၁

1.8K 172 0
                                    

God of Slaughter (chapter – 151)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၁) အထင်လွဲနေတာပါ

စိတ်ညစ်ညူးဖွယ်ရာ အော်သံတစ်ခု ဗလုံးဗထွေး ထွက်ပေါ်လာပြန်သည်။

နောက်ထပ် လူသားအဆင့် သိုင်းသမားတစ်ယောက် အဆင့်လေး ကြေးခွံစိမ်းသားရဲကြီး ပါးစပ်ထဲရောက်သွားခြင်းဖြစ်သည်။
ပြတ်ထွက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကျန်သော ကြေးခွံစိမ်းသားရဲများက ၀ိုင်းဝန်း ကိုက်ဖဲ့ကုန်ကြလေသည်။

ထိုသိုင်းသမား သေဆုံးမှုမှ ကီစုစည်းမှုများ စိမ့်ထွက်လာပြန်ရာ အနံ့ခံကာလိုက်လာသော ရှီယန်၏ မရီဒျန်များက စုပ်ယူလိုက်ကြသည်။

ရှီယန်က ပျက်သုန်းခြင်းစွမ်းအင်များနှင့် ကီစုစည်းမှုတို့ကို တိတ်တဆိတ် ရောနှောလိုက်ပြန်သည်။
ဆွဲငင်အားနယ်ပယ်တစ်ခု ထပ်မံထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေထုက ၀ဲလည်လှည့်က ရေဆင်နှာမောင်းတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။

ပင်လယ်ရေအောက်ထဲတွင် ရေဆင်နှာမောင်းများ ထူးဆန်းစွာဖြစ်ပေါ်လာသည်မှာ အဘယ့်ကြောင့်မှန်း ဘယ်သူမှ မသိကြပါ။

ရေဆင်နှာမောင်းများကတော့ ကိုယ်ပိုင်အသိရှိနေသကဲ့သို့ပင် ရေအောက်လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေကာ အဆင့်လေး ကြေးခွံစိမ်းသားရဲတစ်ကောင်ကို ထပ်မံ ၀ါးမျိုသွားပြန်လေသည်။

တစ်ကောင်ကို မြိုပြီးသည်နှင့် ရေဆင်နှာမောင်းက ရပ်တန့်မနေပဲ ကျန်ရှိနေသေးသော အဆင့်လေး သားရဲ နောက်တစ်ကောင်ထံသို့ ဆက်လက် လိုက်ပါသွားသည်။

ရေအောက်တိုက်ပွဲတွင် လင်ဒါတို့အုပ်စုက အရေးနိမ့်နေခဲ့ကြခြင်းဖြစ်သည်…။

သူတို့ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်နှင့်တပြိုင်နက် ချက်ခြင်း ကြေးခွံစိမ်းသားရဲများ၏ ၀ိုင်းရံမှုကို ခံခဲ့ကြရသည်။
အားလုံးထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည့် လင်ဒါပင် အဆင့်လေး ကြေးခွံစိမ်းသားရဲကို ရေအောက်တိုက်ပွဲတွင် အနိုင်မတိုက်နိုင်ခဲ့ပါ။
သူတို့ဖက်က ချက်ခြင်းလိုလိုပင် နှစ်ယောက်သုံးယောက် တိုက်ပွဲကျကုန်ကြသည်မဟုတ်လော။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now