အပိုင်း ၁၅

3K 346 0
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား chapter (15)
God of Slaughter

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အပိုင်း (၁၅) အခြေခိုင်အဆင့်သို့ရောက်ရှိခြင်း

    “ အန်ကယ်လူ… ဟိုမှာ…ကျွန်တော်တို့နောက်ကို လူတစ်ယောက်လိုက်လာတယ်..”
ကြေးစားစစ်သည်သုံးဦး၏ခေါင်းဆောင်မှ လှမ်းပြောလိုက်သည်။သူ့အမူအရာက ရုတ်ချည်း မဲမှောင်သွားသည်။သူမုန်းတီးစွာပြောလိုက်သည်…
“ဒါ အမှောင်ကမ္ဘာကလွှတ်လိုက်တဲ့ ထောက်လှမ်းရေးပဲဖြစ်ရမယ်…”

ကြေးစားစစ်သည် ခေါင်းဆောင် ရွယ်စင်း သည် ငယ်ရွယ်ပြီး ချောမောသောရုပ်ရည်ရှိသည်။အသက် ၂၅-၂၆ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ခြောက်ပေခွဲခန့်မြင့်လေသည်။အရပ်ရှည်သောကြောင့် ပိန်သယောင်ထင်ရသော်လည်း ကျစ်လစ် တောင့်တင်းသော ကိုယ်ကာယရှိသည်။သူက အခြေခိုင်အဆင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီး တတိယဆင့်သို့ပင်ရောက်ရှိနေပြီးဖြစ်သည်။သူ့မျက်လုံးများက စွမ်းအားပြည့် တောက်ပနေကြပြီး အမြဲ သတိမပြတ်ရှိနေသည်။ရှီယန် သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုသူသည် သိပ်တော်သော သိုင်းသမားတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းမိပြီးဖြစ်သည်။

“မဟုတ်ပါဘူးကွာ….ဒီကောင်က အမှောင်ကမ္ဘာကမဟုတ်ပါဘူး…သူ့ဟာသူ နှာထပြီး တကောက်ကောက်လျှောက်လိုက်နေတာပါ…သွားကြစို့မြန်မြန်…သူ့ကို သောက်ဖက်လုပ်မနေကြနဲ့…”

ရွယ်စင်း ဤကိစ္စကြောင့် မပျော်မရွှင်ဖြစ်သွားသည်။သူက အေးတိအေးစက်ဖြင့်ပြောလိုက်သည်။
“သူက မြောင် မိန်းကလေးနောက်ကိုလိုက်နေတာလား…အတင့်ရဲလိုက်တာ…ကျွန်တော် နောက်မှာခန နေခဲ့ပြီး ပညာပေးလိုက်မယ်လေ…”

အန်ကယ်လူဟာကို မှီတွဲရင်း ရပ်နေသော နူးညံ့လှသည့် မိန်းကလေး မြောင်ယီဒီးကို ဂရုစိုက်သောအကြည့်များဖြင့် ကြည့်လိုက်ရင်း မေးလိုက်သည်။

“မလုပ်နဲ့…မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်စေနဲ့…”
လူဟာက ခေါင်းခါရင်းပြောလိုက်ပြီး…မိန်းကလေးကို အသံတိုးတိုးဖြင့်မေးလိုက်သည်။
“..ဒီး..အဆင်ပြေလား…ဦးလေးတို့ ဒီ့ထက် နည်းနည်း အရှိန်မြှင့်ပြီးသွားလို့ဖြစ်မလား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now