အပိုင်း 116

2.4K 188 7
                                    

God of Slaughter (chapter – 116) 18++

ဒီတစ်ပိုင်းတော့
ဆယ့်ရှစ်အပေါင်းလို့ကြိုပြောထားပါတယ်။ပက်စက်ပါတယ်။

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၁၆) ဒီကောင့်ကို သေချာကြည့်ခိုင်းထား

တိအန်းမြို့တော်ရှိ လင်းမိသားစုခြံဝင်းထဲမှ  ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ စိတ်မချမ်းမြေ့ဖွယ်ရာ ငိုငြီးသံကြီးများ ထွက်ပေါ်လျှက်ရှိသည်။

သွေးစိမ်းလင်းနို့များက ကောင်းကင်ပေါ်တွင် ပတ်ချာလှည့် ပျံဝဲနေကြပြီး တစ်ကြိမ်ထိုးဆင်းလိုက်တိုင်း မိုမိသားစု သို့မဟုတ် လင်းမိသားစုမှ သိုင်းသမားတစ်ယောက်ယောက် ခုတ်ဖြတ်ခံလိုက်ရသည်သာဖြစ်၏။
အချို့၏ ခန္ဓာကိုယ်များက ကောင်းကင်ထက်သို့ သုတ်ချီခံရပြီး သွေးစိမ်းလင်းနို့များ၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံကြရသည်။

ရှည်လျားကျယ်ပြန့်သော သွေးမြစ်ကြီးသုံးစင်းက သွေးနဂါးကြီးများပမာ လင်းမိသားစုခြံဝင်းကို လှည့်ပတ်ဝါးမျိုနေသည်။
သွေးမြစ်ကြီးများက အဆောက်အအုံများကို တိုက်ဖျက်ကာ လင်းမိသားစုဝင်များ မိုမိသားစုဝင်များကို ဆွဲချသွားသည်။
ထိတ်လန့်ကြောက်ရွံ့စွာ မြည်ကြွေးနေကြရင်း ပါသွားကြသူများအားလုံးမှာလဲ ပြန်ပေါ်မလာကြတော့ပါ။

လင်းမိသားစုခြံဝင်း၏ မြေပြင်က သားသတ်ရုံကြီးကဲ့သို့ဖြစ်နေသည်။
သွေးစီးကြောင်းများက တစ်ခုနှင့်တစ်ခု စုပေါင်းကာ စမ်းချောင်းများသဖွယ် တသွင်သွင် စီးဆင်းကုန်ကြသည်။
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကလဲ နေရာအနှံ့ပင်ဖြစ်သည်။
မင်္ဂလာဆောင်က အမင်္ဂလာအပေါင်းနှင့် ပြည့်နှက်လို့သွားသည်။

လင်းဂျူ လင်းဂျီနှင့် မိုထူဝါးတို့က မတ်တပ်ရပ်ကာ အရူးအမူး အော်ဟစ်နေကြသည်။
သူတို့၏မျက်လုံးများက နီရဲနေပြီး ဖျက်ဆီးမရနိုင်သော ခွန်အားကြီးကို ခုခံရန်ကြိုးစားနေကြသည်။

ကံဆိုးတာက သူတို့သုံးယောက်စလုံးက နီဗားနားအဆင့်များသာဖြစ်ကြသည်။
ဘယ်သူမှ မပျံသန်းနိုင်ကြပါ။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now