အပိုင်း ၁၃၁

1.9K 201 0
                                    

God of Slaughter (chapter – 131)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၃၁) အလောင်းကောင်များအား ထိန်းချုပ်ခြင်း

သွေးနွယ်ရှင်လက်စွပ်က ထူးဆန်းသောအလင်းရောင်များ တဖျတ်ဖျတ် လက်လာသည်။
ထိုအရာများက ရှေးဟောင်းဘာသာစကားတစ်ခု၏ စကားလုံးများနှင့်ဆင်တူ၏။

တောက်ပသောအလင်းရောင်က သွေးနွယ်ရှင်လက်စွပ်ကို ဗဟိုပြု၍ ကွန့်မြူးလာကာ အလွန်ရှေးကျသော မိစ္ဆာအရှိန်အ၀ါတစ်မျိုး ဖြစ်ပေါ်လာသည်။

ပုံသဏ္ဍန်အမျိုးမျိုးသော ရှေးဟောင်းစကားလုံးများသည် သွေးနွယ်ရှင်လက်စွပ်အနီးတွင် ၀ဲလည်လှည့်နေကြသည်။

တဖြည်းဖြည်းပြန့်ကားလာသော ထို ရှေးဟောင်းစကားလုံးများက ကောင်းကင်အလောင်းများနှင့် ထိတွေ့သွားသည်။

အံ့သြစရာများ ဖြစ်ပေါ်လာလေသည်။

ရှေးဟောင်းစကားလုံးများက ကောင်းကင်အလောင်းများနှင့် ချိတ်ဆက်မိသလိုဖြစ်သွားသည်။
တဖြည်းဖြည်းနှင့် အထက်ဖက်ဆီသို့ရွေ့လျားကာ ၄င်းတို့၏ ဦးခေါင်းထဲသို့ ကိန်းအောင်ဝင်ရောက်သွားလေသည်။

ရှေးဟောင်းစာလုံးများက ကောင်းကင်အလောင်းများထံ အတောမသတ် စီးဆင်းသွားကြသည်။

ကောင်းကင်အလောင်းနှစ်ကောင်၏ ဦးခေါင်းအတွင်း နေရာယူထားပြီးဖြစ်သော ရှင်ခြင်းနိမိတ် ခုနှစ်ပါးက အလောင်းကောင်များကို အသက်ဝင်လာစေဟန်တူသည်။

ကောင်းကင်အလောင်းနှစ်ကောင်၏ မျက်လုံးများထဲတွင် ရှင်ခြင်းနိမိတ်များ တဖြည်းဖြည်း လင်းလက်လာသည်။

ကောင်းကင်အလောင်းနှစ်ကောင်က နေရာတွင်ပင် မတ်တပ်ရပ်နေသော်လည်း သူတို့၏ ဦးခေါင်းများမှ အလင်းများ ဖြာထွက်လာသည်။
သူတို့၏ မျက်နှာတွင် လူသားဆန်သော အမူအယာများ ပြသလာသည်။

ရှီယန်က ဖြစ်စဉ်ကို အသည်းအသန် စဉ်းစားနေရင်း ကောင်းကင်အလောင်းများကို တအံ့တသြ စိုက်ကြည့်နေမိသည်။
ထူးဆန်းသော ပြောင်းလဲမှုများက သူ၏ သွေးနွယ်ရှင်လက်စွပ်နှင့် ပတ်သက်နေသည်မဟုတ်လား။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now