အပိုင်း ၃၂

3K 235 0
                                    


God of Slaughter (chapter - 32)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၃၂) ငွေတောင်ပံ မြေခွေး

မိစ္ဆာသားရဲတို့ ဟိန်းဟောက်လိုက်သံက ဟိုးအဝေးဆီမှ လွင့်ပျံ့လာသည်။

"ဘုတ်...ဘုတ်...ဘုတ်...ဘုတ်..."
လေးလံသောခြေသံများက တိတ်ဆိတ်မှုကိုဖြိုခွဲ၍ ပေါ်ထွက်လာသည်။လူအများပြေးလွှားနေသောခြေသံများဖြစ်ကြောင်း သိသာထင်ရှား၏။

သိုင်းသမားတွေက မိစ္ဆာသားရဲတွေကို လိုက်ဖမ်းနေခြင်းလား မိစ္ဆာသားရဲများက လူသားများကို အမဲလိုက်နေခြင်းလားဆိုတာတော့ ရှီယန်မသိ။သို့သော်လည်း သူက မပတ်သက်ချင်သောကြောင့် ဒီယာလန်းကိုလှည့်ကြည့်ကာပြောလိုက်သည်။
"လုံအောင်ပုန်းနေ...ငါတို့ ပြသနာမရှာဘူးနော်...မာန်စွယ်ကြေးစားတပ်ဖွဲ့နမူနာကို မမေ့နဲ့..."

ဒီယာလန်းက ခေါင်းငြိမ့်ပြလိုက်ပြီး မြောင်ယီဒီးကိုငုံ့ကြည့်ကာပြောလိုက်သည်။
"အသံမထွက်နဲ့နော် အထဲမှာပဲနေ လုံခြုံတယ်..."

"လာ...တခြားသစ်ပင်တစ်ပင်ကိုသွားရအောင်..."
ရှီယန်က အနည်းငယ်စဉ်းစာကာပြောလိုက်ပြီးနောက် သွက်လက်ပျော့ပျောင်းစွာ လှုပ်ရှားသွားသည်။
သစ်ရွက်ဖားဖားနှင့် သစ်ပင်အိုကြီးတစ်ပင်ပေါ်သို့ရောက်ရှိသွားပြီးနောက် သစ်ရွက်များကြားတွင် ပုန်းကွယ်နေလိုက်သည်။

ဒီယာလန်းလဲ ချက်ချင်းရောက်ရှိလာပြီးနောက် လုံအောင်ပုန်းနေလိုက်သည်။

သစ်ပင်ကြီးက မြင့်မားပြီး သစ်ရွက်များအုံ့ဆိုင်းလှသောကြောင့် သူတို့နှစ်ယောက်ကို တွေ့မြင်ရန်မလွယ်ကူပါချေ။
----- ----- ----- -----

သိပ်မကြာမီမှာပင် ပြာယာခတ်နေသော ကြေးစားစစ်သည် ငါးယောက်ထွက်ပေါ်လာသည်။သူတို့ပုံစံက တစ်စုံတစ်ခုကို ထိတ်လန့်ကြောက်ရွံ့နေဟန်တူသည်။
ငါးယောက်လုံးပင် ဒဏ်ရာအကြီးအကျယ်ရထားကြပြီး သူတို့ထဲမှ ခေါင်းဆောင်မှာ ယွမ်ချင်း(လူသား)အဆင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီး ကျန်လူများအားလုံးက အခြေခိုင်အဆင့်မှာရှိကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now