အပိုင်း ၇၄

2.3K 243 1
                                    

God of Slaughter (chapter - 74)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၄) ဖြေးဖြေးသွား

နောက်ဖေးလမ်းကြားထိပ်တွင်ရပ်နေရင်း ရှီယန့် ခန္ဓာကိုယ်က ကြောက်စရာ အန္တရယ်အငွေ့အသက်များ ဖြာထွက်နေသည်။ သို့သော်လည်း သူ့နှလုံးသားကတော့ ရှင်းလင်းနေပြီး သူ့အမြင်အာရုံများက ကြည်လင်ပြတ်သားလာကြသည်။

လှည်းဘီးအရွယ်အစားခန့်ရှိသော ဆွဲငင်အားနယ်ပယ်နှစ်ခုကို သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် ထုတ်ဖော်၍ထားလိုက်သည်။
ထိုအရာများက မျက်စိဖြင့် မမြင်နိုင်သလို ရှီယန်မှအပ အခြား ဘယ်သူမှ ထောက်လှမ်းသိရှိနိုင်လိမ့်မည်မဟုတ်ချေ။

သူ့မရီဒျန်များအတွင်းရှိ ပျက်သုန်းခြင်းစွမ်းအင်များက ခန္ဓာကိုယ်တစ်ခုလုံး မှ ထွက်ပေါ်လာသည်။
ရှီယန့် ခန္ဓာကိုယ်အရွယ်အစားက ရှိရင်းစွဲထက် ကြုံ့ဝင်လို့သွား၏။

ဒါက ရှီယန့်အနေဖြင့် ပထမဆုံးအကြိမ် ဒေါသမုန်တိုင်းသိုင်းပညာကို အပြည့်အ၀ သုံးစွဲလိုက်ခြင်းပင်ဖြစ်သည်။

ရှီယန့် စိတ်အာရုံက အင်မတန် တည်ငြိမ်လို့သွားပြီးနောက် အဖြစ်အပျက်လေးတစ်ခုချင်းစီကိုပင် မလွတ်တမ်း ခံစားသိရှိနိုင်လာသည်။

လီဟန်က အနည်းငယ် မျက်မှောင်ကြုံ့လို့သွားသည်။သူက ရှေ့တည့်တည့်မှရှီယန့်ကို စိုက်ကြည့်နေရင်း ထို ပုံပန်းသဏ္ဍန်နှင့် အငွေ့အသက်ကို ရင်းနှီးနေသလို ခံစားနေမိသည်။သေချာစဉ်းစားကြည့်မိပြန်ရင်လည်း ဘယ်မှာ ကြုံတွေ့ဖူးခဲ့သည်ကို ဖော်ထုတ်၍မရပြန်။

မိုခီ့၏ လက်မောင်းနှစ်ဖက်မှ လျှပ်စစ်စီးကြောင်းများထွက်ပေါ်လာသည်။သူ၏ အသွင်အပြင်က ပို၍ ဒေါသတကြီးဖြစ်လို့လာ၏။

"အန်ကယ်လီ..."
မိုခီက အော်ဟစ်လိုက်သည်။

လီဟန်၏ အမူအယာက အေးစက်စက်ဖြစ်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။
သူ၏ အရိုးအဆစ်များက တဖျစ်ဖျစ်မည်လာပြီးနောက် တွန့်လိမ်နေသော အဖြူရောင်အလင်းမျှင်အချို့ လီဟန့်ကိုယ်အတွင်းမှ ထွက်ပေါ်လို့လာသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now