အပိုင်း ၆၇

2.4K 229 0
                                    

God of Slaughter (chapter – 67)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၇) မိသားစုငါးစု တိုက်ပွဲနေ့

နောက်တစ်နေ့…နတ်ဘုရားကျောက်တုံးရင်ပြင်

နံနက်စောစော ရောင်နီပျိုးစအချိန်ပင်ရှိသေးသော်လည်း တိအန်းမြို့တော်အတွင်းမှ သိုင်းသမားများစွာက သိုင်းပြိုင်ပွဲကျင်းပရာကွင်းပြင်တွင် လာရောက်စုရုံးနေကြပြီဖြစ်သည်။

ရင်ပြင်အလည်တည့်တည့်ရှိ ပြိုင်ပွဲစင်မြင့်တစ်ခုဘေးပတ်ပတ်လည် မီတာတစ်ရာပတ်လည်တွင် ကြီးမားသောအစိမ်းရောက်ကျောက်တုံးကြီးများကို ပွဲကြည့်စင်ပမာ ဆင့်ကာဆင့်ကာ စီထားသည်။ပြိုင်ပွဲစင်မြင့်ထက်ရှိ တိုက်ပွဲများကို ကောင်းမွန်စွာကြည့်ရှုနိုင်ရန် စီမံထား၏။

မိသားစုကြီးများ ရောက်ရှိမလာမီတွင်ပင် ၄င်းတို့အတွက် ပြင်ဆင်ထားသော တိုက်ပွဲစင်မြင့်ဧရိယာပတ်ပတ်လည်တွင် လူအုပ်ကြီးများဖြင့် ပြည့်နှက်သွားတော့သည်။

နေမင်းထွက်ပြူခါစအချိန် တိအန်းမြို့တော်အတွင်းမှ မိသားစုကြီးများ၏ သိုင်းသမားများ စတင်ရောက်ရှိလာကြသည်။

ရှီယန်က ရှီဂျန့်နောက်မှလိုက်ပါလာသည်။သူတို့က နတ်ဘုရားကျောက်တုံးရင်ပြင်သို့မရောက်မီပင် စုဝေးနေကြသော လူစုလူဝေးကြီးကို ကောင်းစွာလှမ်းမြင်နိုင်ပေသည်။

ထိုလူများအားလုံးနီးပါးက သိုင်းသမားများပင်ဖြစ်ကြပြီး အများအားဖြင့် အခြေခံ အခြေခိုင် လူသားအဆင့်များဖြစ်ကြကာ အန္တရာယ်အဆင့်နှင့် ကမ္ဘာမြေအဆင့်များပင်ပါဝင်လေသည်။

အစောပိုင်း သိုင်းပြိုင်ပွဲများက အန္တရယ်အဆင့်နှင့် ကမ္ဘာမြေအဆင့်သိုင်းသမားများ၏စိတ်ဝင်စားခြင်းကိုမခံရသော်လည်း ယနေ့ မိသားစုငါးစုကြားမှတိုက်ပွဲကတော့ သူတို့ကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်လေသည်။အထူးသဖြင့် မိုမိသားစုနှင့် ရှီမိသားစုကြားမှ ပြသနာက လူအများ၏နှုတ်ဖျားတွင် ဆွေးနွေးလို့ကောင်းသော ခေါင်းစဉ်တစ်ခုပင်ဖြစ်နေ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now