အပိုင်း ၁၅၅

2K 189 2
                                    

God of Slaughter (chapter - 155) 18+
ရာသီဥတု ပူကပူနဲ့ကွာ... ကတောက်... :D :D

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၅) ငါနင့်ကိုကယ်မယ်... :D :D

သံမဏိသင်္ဘောကြီးပေါ်တွင်...

ရှီယန်က သေမင်းတမန်တစ်ပါးနှယ် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လျှောက်သွားနေသည်။

အလောင်းကောင်များက ကုန်းပတ်တစ်ခုလုံး ပြန့်ကျဲလို့နေသည်။

အန္တရာယ်အဆင့်သုံးယောက်ကိုတောင် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သည့်ရှီယန့်ရှေ့တွင် ဘယ်သူမှ တစ်စက္ကန့်ထက်ပို မခုခံနိုင်ကြပါ။

လင်းရှောင်ချန်း၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးက ဘီးတပ်ကုလားထိုင်ပေါ်တွင် အေးခဲနေဆဲဖြစ်သည်။

ကုံ နှင့် မုတ်ဆိတ်တို့ကိုလဲ ရှီယန်က သတ်ပစ်လိုက်ပြီးပြီဖြစ်၏။

အထူးသဖြင့် ကုံ၏ သေဆုံးခြင်းမှာ စိတ်ညစ်စရာကောင်းလှသည်။
ပင်လယ်ထဲ ခုန်ဆင်းသွားပြီးမှ မမြင်ရသော လက်ကြီးဖြင့် ပြန်လည်ဆွဲယူခံရကာ လည်ပင်းကို ထိုးဖောက်ခံရခြင်းဖြစ်သည်။

ပင်လယ်ထဲ ခုန်ချရန်လုပ်နေသော နောက်ထပ် ငါးယောက်မှာလဲ ချက်ခြင်းပင် ရှီယန့်လက်ချက်မိသွားကြပြန်သည်။

ကျန်ခြောက်ယောက်ကတော့ ပင်လယ်ထဲ ရောက်သွားပြီးနောက် လွတ်မြောက်ရန်အတွက် တကွဲတပြားစီ အသည်းအသန် ကူးပြေးကြသည်။

သို့သော်လည်း ရှီယန်က ရေထဲသို့ လိုက်ပါ ခုန်ချသွားပြီးနောက် ငမန်းတစ်ကောင်ကဲ့သို့ တဟုန်ထိုးကူးခတ်ကာ တစ်ယောက်မှအလွတ်မပေးပဲ လိုက်လံ သတ်ဖြတ်ပစ်လိုက်လေသည်။

အကုန် သေကုန်မှ ရှီယန်က သင်္ဘောဆီသို့ ပြန်လည်ကူးခတ်လာကာ ကြိုးလှေကားမှတဆင့် ပြန်တက်လာခဲ့သည်။

လင်ဒါက ယခုထိ မင်သက်နေဆဲဖြစ်သည်။
သူက ရှီယန့်ကိုကြည့်ကာ ရင်တဒိတ်ဒိတ်ခုန်နေသည်။

အယောက်နှစ်ဆယ်ကျော်ရှိသော သိုင်းသမားများ။
အန္တရာယ်အဆင့် သုံးယောက်၊ လူသားအဆင့် ဆယ်ယောက်နှင့် အခြေခိုင်အဆင့် တစ်ဒါဇင်ခန့်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now