အပိုင်း ၆၀

2.8K 248 7
                                    

God of Slaughter (chapter – 60)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၆၀) အဆုံးမဲ့ပင်လယ်ဒေသ

မြူခိုးကပွဲရုံ၏ မြူခိုးစံအိမ်တော်…

မြူခိုးစံအိမ်သည် လျှို့ဝှက်သောအင်အားစုတစ်ခုဖြစ်ပြီး အဓိကအားဖြင့် မြူခိုးကပွဲရုံတွင် လေလံပွဲများ ကျင်းပပေးခြင်းကိုလုပ်ကိုင်သည်။သိုင်းသမားများလိုအပ်သော အလွန်ရှားပါးသည့် လေ့ကျင့်ရေးပစ္စည်းအမျိုးမျိုးကို ရောင်းချပေးသည်။အခြားမြို့များတွင် မရှိ၊ သူတို့က Merchant တိုင်းပြည် တိအန်းမြို့တော်တွင်သာ တစ်ခုတည်းသောဆိုင်ကို ဖွင့်လှစ်ရောင်းချသည်။

ကောလဟာလများအရ မြူခိုးစံအိမ်ကိုထောက်ပံ့နေကြသူများမှာ အရှေ့အရပ်ရှိ အဆုံးမဲ့ပင်လယ်မှသိုင်းသမားများဟုလဲပြောကြသည်။အရှေ့ပင်လယ်ဒေသသည် အလွန်ကျယ်ပြန့်သောဒေသဖြစ်ပြီး Merchant တိုင်းပြည်၏ အရှေ့အရပ်တွင်ရှိသည်။

ကျွန်းစုများ ထောင်ပေါင်းများစွာ ပြန့်ကျဲနေကြပြီး အချို့ကျွန်းများဆိုလျှင် Fire အင်ပါယာနှင့် Godblass အင်ပါယာ နှစ်ခုပေါင်းထက်ပင် ကြီးသေးသည်။

အရှေ့ပင်လယ်မှသိုင်းသမားများသည် ကြက်သရေကုန်းမြေဒေသသို့ လာခဲလှသည်။သူတို့အအမူအကျင့်များက မြေပြန့်ဒေသနှင့် မတူကွဲပြားကြပြီး ထိုဒေသတွင်လဲ မိသားစုကြီးများ အင်အားစုကြီးများကျောထောက်နောက်ခံများရှိကြသည်။ဝိဥာဉ်အဆင့်ထက်ပင် မြင့်သော ကျွမ်းကျင်သူသိုင်းပညာရှင်များပင်ရှိကြသည်ဟုဆို၏။

ယနေ့ မြူခိုးစံအိမ်၏ တံခါးဝတွင် အုပ်ချုပ်ရေးမှူး ကုလောင် မတ်တပ်ရပ်လို့နေ၏။ကုလောင်က နိဗ္ဗာန် ပထမအဆင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီး မြူခိုးစံအိမ်တော်တွင် အမှုထမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

လူတွေအတွက်တော့ ကုလောင်က မြူခိုးကပွဲရုံ၏ပိုင်ရှင်ဟုပင်ထင်နေကြသည်။

သို့သော်လည်း ယနေ့တွင်တော့ ကုလောင်က မြူခိုးစံအိမ်တော်ရှိ အရေးပါသောအဖွဲ့ဝင် အချို့နှင့်အတူရပ်နေကာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ကို စောင့်မျှော်နေဟန်တူသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now