အပိုင်း ၁၇၁

1.7K 176 0
                                    

God of Slaughter (chapter - 171)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၁) တော်ဝင်အဆင့် လျှို့ဝှက်ရတနာ

ဝိဥာဉ်ခေါ်ပုလဲကို ဆုပ်ကိုင်ထားရင်း ရှီယန်က ကန်ရေမျက်နှာပြင်ဆီသို့ တဖြည်းဖြည်း ကူးခတ်သွားသည်။

မြောက်များလှစွာသော ၀ိဥာဉ်များက အနက်ေ၇ာင်အလင်းတန်းများအဖြစ် ၀ိဥာဉ်ခေါ်ပုလဲထဲသို့ စီးဝင်နေကြဆဲဖြစ်၏။

ဝိဥာဉ်ခေါ်ပုလဲ၏ မျက်နှာပြင် ငါးပုံသုံးပုံခန့်သည် ရှီယန့် တံတွေးအချပ်လွှာဖြင့် ဖုံးအုပ်နေသော်လည်း ရေကန်ထဲရှိ ၀ိဥာဉ်ကောင်များကိုတော့ အားကောင်းစွာ ဆွဲယူနေဆဲဖြစ်သည်။

နောက်ဆုံးတော့ ရှီယန်က ရေမျက်နှာပြင်ထက် ခေါင်းဖော်လာပြီဖြစ်သည်။
လတ်ဆတ်သောလေအေးကို တ၀ကြီးရှူသွင်းလိုက်ပြီးနောက် ကမ်းစပ်ဆီသို့ ကူးခတ်သွားရန် ဟန်ပြင်လိုက်စဉ်

"အပေါ်မတက်နဲ့ဦး..."
အေးစိမ့်ရေခဲမီးလျှံက တားမြစ်လိုက်သည်။

ရှီယန်က အံ့သြပြီး စိတ်ရှုပ်သွားသော်လည်း စကားနားထောင်ကာ ရပ်တန့်လိုက်သည်။
ပြီးနောက် အသက်ဝအောင်ရှူကာ ရေကန်အောက်ဖက်သို့ ပြန်လည် ငုတ်လျှိုးသွားလိုက်လေသည်။

သူက မူလကတည်းက ပြင်းထန်သော အားကစားများတွင် မွေ့လျော်သူဖြစ်ကာ အဆုတ်သန်မာရန်အတွက် ရေငုတ်လေ့ကျင့်ခန်းများလဲ မကြာခန လုပ်ခဲ့ဖူးပါသည်။
ရေအောက်တွင် ကြာကြာနေနိုင်ခြင်းမှာလဲ သူ့ ကျွမ်းကျင်မှုများထဲမှ တစ်ခုဖြစ်သည်။

သူ့ကမ္ဘာတွင်ရှိနေစဉ်တုန်းက သူက ခုလို ကီစုစည်းမှုများပင် မရှိသေးချိန်တုန်းကပင် သူက ရေအောက်တွင် ခုနှစ်မိနစ် ရှစ်မိနစ်ခန့်အထိ အသက်အောင့်နေနိုင်ခဲ့သည်။
အခု သူ့ခန္ဓာကိုယ်က သာမာန်လူသားတစ်ယောက်နှင့် ကွဲပြားခြားနားသွားပြီဖြစ်ကာ အရင်နှင့် နှိုင်းစာလျှင် အများကြီးအစွမ်းထက်လာပြီဖြစ်သည်။
ခုချိန်တွင် သူက နာရီဝက်လောက်တော့ သာသာယာယာ ငုတ်နေနိုင်ပါသည်။

ရေအောက်သို့ ပြန်လည်ငုတ်လျှိုးလာပြီးသောအခါ ရှီယန်က အေးစိမ့်ရေခဲမီးလျှံကို စိတ်ဖြင့် လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now