အပိုင်း ၁၄၅

1.8K 174 2
                                    

God of Slaughter (chapter - 145)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၄၅) ကယ်တင်သည်

အစုလိုက်အပြုံလိုက် သုတ်သင်ပစ်လိုသည့် ရက်စက်ကြမ်းကြုတ်သော အဖျက်စွမ်းအင်များသည် သွေးနွယ်ရှင်လက်စွပ်အတွင်းမှ တောက်လျှောက်စိမ့်ထွက်လာကာ မမြင်တွေ့နိုင်သည့် စွမ်းအင် တွင်းနက်ကြီးသဖွယ်ဖြစ်ပေါ်လာသည်။

ရှီယန့် ဦးဏှောက်ကို ဗဟိုပြုထားသော ပျက်သုန်းခြင်းစွမ်းအင်များသည် အခြားပျက်သုန်းခြင်းစွမ်းအင်များနှင့်အတူ သွေးနွယ်ရှင်လက်စွပ်ထံ တိုးဝင်သွားကြသည်။
သွေးနွယ်ရှင်လက်စွပ်က ပိုမို အားကောင်းလာကာ အငမ်းမရ စုပ်ယူဝါးမျိုနေတော့သည်။

ယခုအချိန်လေးတွင် ရှီယန်ခံစားမိနေသည်က သူ၏ သွေးနွယ်ရှင်လက်စွပ်သည် ကမ္ဘာလောကကြီးတစ်ခုလုံးကိုပင် ၀ါးမျိုစားသောက်ပစ်တော့မလားဟူ၍ပင်ဖြစ်သည်။

အေးစိမ့်ရေခဲမီးလျှံ၏ အသိစိတ်သည် ပထမဆုံးအကြိမ်အဖြစ် ကြောက်စိတ်မွှန်သွားခဲ့ပြီဖြစ်သည်။
သူက ရှီယန့် ဦးဏှောက်အတွင်းသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားလာသည်။

ထိုအချိန်တွင် သွေးနွယ်ရှင်လက်စွပ်က စုပ်ယူဝါးမျိုမှုစွမ်းအင်ကို နှစ်ဆတိုးမြင့်ပစ်လိုက်သည်။

ထိုအခါ အေးစိမ့်ရေခဲမီးလျှံသည် အခြေအနေမဟန်မှန်း သဘောပေါက်သွားဟန်ဖြင့် ရှီယန့်ခန္ဓာကိုယ်ထဲမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း စွမ်းအင်တွင်းနက်ကြီး၏ အားအင်က ဆထက်ထမ်းပိုးသာ တိုးလို့လာသည်။

ထိုပြင် ရှီယန့်ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအင်များ ယင်ကီပုလဲသုံးလုံးတွင် သိုလှောင်ထားသော ယင်ကီစွမ်းအင်များသာမက ရှီယန်၏ ကီစုစည်းမှုများပါ အထိန်းအကွပ်မဲ့လာပြီးနောက် သွေးနွယ်ရှင်လက်စွပ်ထံ စီးဝင်ကုန်ကြပြီဖြစ်သည်။

သွေးနွယ်ရှင်လက်စွပ်၏ စုပ်ယူဝါးမျိုခြင်း စွမ်းအင်ကြီးက ရှီယန့်မှာရှိရှိသမျှ စွမ်းအင်များကို ဆွဲထုတ်သွားပြီဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now