အပိုင်း ၂၇

2.9K 292 0
                                    

God of Slaughter (chapter – 27)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၇) လုပ်ကြံခံရခြင်း

     တောအုပ်ထဲတွင်…..

ဘားနပ်၏ သံမဏိလက်မှ ငွေရောင်အလင်းမျှင်များထွက်ပေါ်လာသည်။သူက လက်ကို ပျော့ပြောင်းစွာ ဝှေ့ယမ်းလိုက်သောအခါ ခပ်စိတ်စိတ် ငွေရောင်ပိုက်ကွန်တစ်ခု ဖြစ်ပေါ်လာပြီး လူဟာ့ကို အုပ်မိုးတော့မည်ကဲ့သို့ ပျံသန်းလာသည်။

မြေဆွဲအားဆယ်ဆ စက်ကွင်းထဲတွင်တော့ လူဟာက ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်လေသည်။သူ၏ဓါးပြားကြီးကို လေထဲသို့ ကြက်ခြေခတ်သဏ္ဍန်ဝှေ့ယမ်းလိုက်သောအခါ ထက်မြက်သော ဓါးအလင်းက ငွေပိုက်ကွန်ကို လေးပိုင်းပိုင်းပစ်လိုက်လေသည်။

ဘာနပ်ပုံစံက သက်တောင့်သက်သာရှိလှပြီး ထိတ်လန့်ကြောက်ရွံ့ဟန် တစ်စက်ကလေးမှမရှိပေ။လူဟာနှင့် ခပ်ခွာခွာပင် နေရာယူထားပြီး ငွေပိုက်ကွန် အလင်းမျှင်များကိုသာ အဆက်မပြတ် ထုတ်လွှတ်နေသည်။

ထို ငွေအလင်းမျှင် ပိုက်ကွန်များက မြေဆွဲအား၏ သက်ရောက်မှုကို ဆန့်ကျင်၍ လေထဲတွင် ပေါ်လော မျောနေကြသည်။ပြတ်ထွက်သွားသောအပိုင်းအစများကလဲ လူဟာ့အနီးတစ်ဝိုက်တင်သာ ရစ်ဝဲနေကြသည်။

အဝေးမှကြည့်လျှင် လူဟာ့ခန္ဓာကိုယ်က ပင့်ကူအိမ် အပျက်များကြားတွင် ရပ်နေသကဲ့သို့ပင်။သူ့ ဓါးပြားကြီးကို ဝှေ့ယမ်းလိုက်တိုင်း ထို ပိုက်ကွန်များက အပိုင်းပိုင်းပြတ်ထွက်သွားကြသော်လည်း ပျောက်ကွယ်သွားခြင်းတော့မရှိပေ။

တစ်ချိန်ထဲတွင် ဘားနပ်ကလဲ လူဟာ့ကို အနားကပ်မခံပဲ အဝေးမှသာ ပိုက်ကွန်များ ပစ်လွှတ်နေလေရာ တစ်ဖြည်းဖြည်းနှင့် ပိုက်ကွန်အပိုင်းအစများက ပိုမိုများပြားလာလေသည်။

ဘားနပ်က လူဟာ့ကို ထွက်သွားခွင့်မပေး။သိသာစွာပင် ထိုသို့ပြုလုပ်နေသည်မှာ သူ့အတွက် သိပ်အားစိုက်စရာလဲ မလိုပေ။ဘားနပ်က သွားဖြဲပြလိုက်ရင်း လူဟာ့ကို နားချလိုက်သည်။
“ဒီမယ် ရောင်းရင်း…ငါနဲ့ ဘာလို့ ဆက်တိုက်နေဦးမလဲ…ငါတို့က မိန်းမ နှစ်ယောက်ကိုပဲ လိုတာပါ…ငါ့လူတွေက သူတို့နောက် လိုက်သွားနှင့်ကြပြီးပြီမဟုတ်လား…မကြာခင်ပဲ အဲ့ဒီမိန်းမနှစ်ယောက်ကို ငါ့လူတွေ ဖမ်းမိတော့မှာ သေချာနေတာပဲ…ပြီးတော့ မင်းကိုယ်တိုင်လဲ ငါ့ရဲ့ ငွေမျှင်ပိုက်ကွန်ကနေ လွယ်လွယ် ရုန်းမထွက်နိုင်ဘူးမဟုတ်လား…အဖြေက ရှင်းရှင်းလေးပါ…အချိန်ဖြုန်းမနေနဲ့တော့…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now