အပိုင်း ၁၆၉

1.8K 162 0
                                    

God of Slaughter (chapter – 169)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၉) ရှစ်မြှောင့် မိစ္ဆာဝင်္ကဘာ

ဝိဥာဉ်ခြွေရေကန်ထဲတွင်…

ဝိဥာဉ်ကောင်များက နေရာအနှံ့အပြားတွင် ပေါ်လောမျောလျှက်ရှိကြသည်။

သေခြင်းအနံ့အသက်များက ပြည့်နှက်နေသောကြောင့် ရှီယန် ရေကန်ထဲရောက်သည်နှင့်တစ်ပြိုင်နက် ခြားနားသော အေးစက်မှုတစ်မျိုးကို ခံစားလိုက်ရသည်။
နှလုံးသားကို ဖျစ်ညှစ်လာသလိုမျိုး။

မရေမတွက်နိုင်သော ၀ိဥာဉ်ရိပ်များ တိုးထွက်လာကြပြီး လက်သည်းရှည်ကြီးများဖြင့် ကုတ်ခြစ်တော့မလို ပါးစပ်များ ဟကာ ကိုက်ဆွဲတော့မလို ဝှေ့ယမ်းလှုပ်ခါနေကြသည်။

အေးစိမ့်ရေခဲမီးလျှံ၏ အအေးဓါတ်က ပတ်ဝန်းကျင်ရှိ ရေထုကို လျှင်မြန်စွာ အေးခဲသွားစေသည်။
ဝိဥာဉ်များပင်လျှင် ထိုအအေးဓါတ်ကြောင့် တောင့်တင်းကုန်ကြပြီး ရှီယန့်အနီးသို့ တိုးကပ်မလာနိုင်ကြတော့ချေ။

“၀ိဥာဉ်တွေကို မေ့ထားလိုက် … ကန်အောက်ခြေကိုသာ ရောက်အောင်သွား…”
အေးစိမ့်ရေခဲမီးလျှံက လက်စွပ်ထဲတွင် လင်းလက်နေရင်း ပြောလာသည်။

ရှီယန်သည်လည်း စိတ်လှုပ်ရှားလျှက်ရှိသည်။
သူက အအေးဓါတ်နှင့် ကျင့်သားရနေပြီဖြစ်သောကြောင့် အေးစိမ့်ရေခဲမီးလျှံ၏ အအေးဓါတ်က သူ့လှုပ်ရှားမှုကို မသက်ရောက်စေပါ ထို့ပြင် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော မြူထုများက တစ်နည်းနည်းဖြင့် ရေခဲများအကြား လွတ်လပ်စွာ လှုပ်ရှားလို့ ရနေစေသည်။

အသက်အောင့်ထားရင်း ရှီယန်က ရေကန်၏ ရေနက်ပိုင်းသို့ ငုတ်လျှိုးသွားလိုက်သည်။
ဝိဥာဉ်များက ရှီယန့်ထံ ချဉ်းကပ်လာသော်လည်း သူ့အနီးသို့ မရောက်မီပင် အေးစိမ့်ရေခဲမီးလျှံက အေးခဲပစ်လိုက်သောကြောင့် မရေမတွက်နိုင်သော ၀ိဥာဉ်များသည် ရှီယန့်ကို ဘာမှ မထိခိုက်စေနိုင်တော့ပါ။

ထို့ကြောင့် ရှီယန်က အနှောက်အယှက်ကင်းကင်းဖြင့် ရေကန်အောက်ခြေသို့ ရောက်ရှိရန်သာ အာရုံစူးစိုက်ထားနိုင်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now