အပိုင်း ၁၆၈

1.7K 181 0
                                    

God of Slaughter (chapter – 168)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၈) မိစ္ဆာသခင် မိုဂျိတို

တိမ်ထုများက မိုးတိမ်ကျွန်းအထက်တွင် ဖြစ်ပေါ်လာပြီးနောက် နေရာင်ခြည်ကိုပင် ပိတ်ဆည်းသွားခဲ့သည်။

ဝိဥာဉ်စွမ်းအင်က ဒေါသတကြီး ဆန့်ထွက်လာပြီးနောက် တစ်ကျွန်းလုံးကိုပင် ဆုပ်ကိုင်ဖျစ်ညှစ်တော့မည့်အလား
ကျယ်ပြန့်လာနေသည်။

မင်လောင်ကျွန်းပေါ်ရှိ ၀ိဥာဉ်လေ့ကျင့်စဉ်ကို နားလည်ထားသူများပင်လျှင် ထို ကြောက်မက်ဖွယ်ရာဝိဥာဉ်ကောင်ထံမှ ဖိအားကို ခံစားလိုက်ကြရလေသည်။

မကောင်းဆိုးဝါးအငွေ့အသက်ကို ရလိုက်သည်နှင့် မိုသွမ့်ဟွမ်က ချက်ခြင်းပင် အစိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီးနောက် မိုးပေါ်ပျံတက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင်တော့ လေဆင်နှာမောင်းကြီးထဲသို့ တိုးဝင်သွားပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်သွားလေတော့သည်။

ဂူမိသားစုအခြေစိုက်စခန်းတွင်လဲ ရှူရာတမန်တော်များအားလုံး တပြိုင်နက်ထဲလိုလို သွေးစိမ်းလင်းနို့များကို စီးနင်းပျံသန်းလိုက်ကြသည်။

ရှာစင်းယန်နှင့် ဟုချင်းမန်သည်လည်း မိစ္ဆာအငွေ့အသက် တိမ်စိုင်များဖြင့် ပြည့်နေသော ကောင်းကင်ကို မော့ကြည့်ကာ အံ့အားသင့်လို့နေကြသည်။

“ဒါ…မကောင်းဆိုးဝါးဘုရင် ဘိုခွန်းလက်အောက်က မိစ္ဆာသခင် မိုဂျိတိုပဲ…”
ရှာစင်းယန်က သူမ၏ ပြန်လည်ဝင်စားခြင်းသိုင်းဝိဥာဉ်အားဖြင့် ဒါဘယ်သူဖြစ်သည်ကို ထောက်လှမ်းသိရှိလိုက်သည်။

“မိုဂျိတို…”
ဟုချင်းမန်က တအံတသြဖြင့် အော်ဟစ်လိုက်မိသည်။
“မိုဂျိတိုက မိစ္ဆာသခင်အဆင့်ပဲရှိသေးတယ်လေ…သူက လေဟာနယ်အတားအဆီးကို ချိုးဖျက်ပြီး ဒီဖက်အလွှာကို ခုန်ကူးလာရဲတယ်လား…ဒီလို တခြားအလွှာကို ဖြတ်ကျော်မယ်ဆိုရင် မိစ္ဆာသခင်တစ်ယောက်အနေနဲ့ အကြီးအကျယ် ထိခိုက်ဒဏ်ရာရသွားမှာလေ…တိုက်ခိုက်ဖို့ဆို ဝေးရော…သူက ရူးသွားလို့လား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now