အပိုင်း ၁၆၅

2.3K 228 10
                                    

God of Slaughter (chapter - 165)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၆၅) မိစ္ဆာအတွက် လျှို့ဝှက်အစီအစဉ်

မိုးတိမ်ကျွန်း၏ မြောက်ဖက်ခြမ်းတွင် အလွယ်တကူ မမြင်နိုင်သော လျှိုမြောင်တစ်ခုရှိနေသည်။
သစ်ပင်အကြီးကြီးများ ထပ်ညပ်နေပြီး မိုးနှင့်မြေကို ကာကွယ်ပိတ်ဆီးထားသကဲ့သို့ပင်ဖြစ်သည်။

လျှိုမြောင်ထဲတွင်တော့ မီးခိုးငွေ့များ ရစ်သိုင်းလို့နေပြီး အလွယ်တကူ လွင့်ပါးပျောက်ကွယ်မသွားပဲ လျှိုမြောင်တစ်ခုလုံးကို ဖုံးအုပ်နေပြန်သည်။

မြူခိုးငွေ့များအကြားမှ လျှိုမြောင်တစ်ခုလုံး တိတ်ဆိတ်ခြင်းသာ ကြီးစိုးထားသည်။
ဒီနေရာတစ်ဝိုက်တွင် မိစ္ဆာသားရဲများလဲမရှိ၊ လူသားတို့၏ အရိပ်အယောင်လဲ မမြင်ရ။
ထူထပ်လှသော မြူခိုးထုက လျှိုမြောင်အထက်ရှိ လေထုထဲတွင် ကာကွယ်ပိတ်ဆည်းနေသောကြောင့် တောက်ပသောနေရောင်ခြည်သည်ပင် လျှိုမြှောင်အတွင်း တိုးမပေါက်ပါချေ။

ရှီယန်က လျှိုမြောင်အတွင်း အ၀င်ဝသို့ရောက်သောအခါ လေထုထဲမှ စိုထိုင်းမှုကို ခံစားမိသည်။
လျှိုမြောင်ထဲတွင် ရေအရင်းအမြစ်တစ်ခုခုရှိရပေမည်။

အေးစက်သော မကောင်းဆိုးဝါးကီထွက်ပေါ်လာရာကို မျက်နှာမူကာ တောက်လျှောက်လိုက်ပါလာခဲ့ပြီး ရှီယန်က ယခု လျှိုမြောင်အနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သူဒီနေရာရောက်သည်နှင့် အေးစက်သော မကောင်းဆိုးဝါးကီအငွေ့အသက်က ရုတ်ချည်း ပျောက်ကွယ်သွားခြင်းဖြစ်သည်။

ဒီလျှိုမြောင်ကို မရောက်ခင်တုန်းက အနားကပ်လာလေလေ မကောင်းဆိုးဝါးကီအငွေ့အသက်ကို ပိုရလေလေဖြစ်သည်။
သို့သော်လည်း ဒီနေရာရောက်သည်နှင့်တစ်ပြိုင်နက် သူက ဘာအငွေ့အသက်မှ ခံစားလို့မရတော့။
သူ နေရာမှားနေပြီလားဟုပင် တွေးမိသွားသည်။

လျှိုမြောင်၏ အ၀င်ဝမှ သစ်ပင်အိုကြီးတစ်ခုပေါ်တွင် တက်ရောက်ပုန်းအောင်းနေလိုက်ရင်း ရှီယန်က လျှိုမြောင်အတွင်း စိုက်ကြည့်နေသည်။
သူမြင်သမျှကတော့ ထူထပ်သိပ်သည်းသော မြူခိုးထုများသာဖြစ်ပြီး လျှိုမြောင်အတွင်းသို့ လုံးဝ မမြင်နိုင်အောင် ကာဆီးပိတ်ဆို့လို့နေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now