အပိုင်း ၉၉

2.1K 208 1
                                    

God of Slaughter (chapter – 99)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၉) စောင့်နေတာတောင် အရမ်းကြာနေပြီ

ကျောက်ရုပ်တုကြီး၏ နှလုံးသားနေရာတွင်ဖြစ်သည်…

ဧရာမ တွင်းကြီးတစ်တွင်းရှိနေပြီး ကြယ်ရောင်အလင်းများ ရွေ့လျားနေကြသည်။

တွင်းနက်ကြီးက ကျောက်တုံးဖြင့်ပြုလုပ်ထားတာဟုတ်ဟန်မတူခြေ။
ကြယ်များသဖွယ် မှိတ်တုတ်မှတ်တုတ်ဖြစ်နေသော အနက်ရောင်အစက်အပျောက်လေးများပါဝင်သည့် အနီရောင် သလင်းကျောက်တုံးများဖြင့် စီရီထားခြင်းဖြစ်သည်။

တွင်းကြီး၏ အလယ်ဗဟိုတွင် နှလုံးသားပုံသဏ္ဍန် အနီရောင်သလင်းကျောက်တုံးတစ်တုံးမျောလွင့်နေပြီး တွင်းကြီး၏ အစွန်းအသီးသီးမှ အလင်းတန်းများက စီးဝင်နေကြသည်။

ထို အနီရောင်သလင်းကျောက်မှာ အလွန်ကြည်လင်လှပသည်။
လေးနက်ဆန်းကြယ်သော စွမ်းအင်များ မြှုပ်နှံထားဟန်တူ၏။
ထိုသလင်းကျောက်တုံးကိုကြည့်မိသူသည် ကြယ်များလင်းလက်နေသော ကောင်းကင်ကြီးကို မြင်ယောင်လာပေလိမ့်မည်။

ဧရာမရုပ်တုကြီး၏ နှလုံးသားဟုဆိုသော်လည်း ထို သလင်းကျောက်မှာ ရိုးရိုးလူ့နှလုံးသားပမာ လက်သီးဆုပ်အရွယ်သာရှိပါသည်။
ထို့ကြောင့် တွင်းနက်ကြီးထဲတွင်တော့ အနီရောင် အလင်းစက်ကလေးပမာသာဖြစ်၏။
သို့သော်လည်း သူ့ထံမှ ထွက်ပေါ်နေသော တဖြတ်ဖြတ်လက်နေသည့် အလင်းတန်းများက လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်များကို ထုတ်လွှတ်လျှက်ရှိသည်။

တွင်းကြီး၏ နံရံများတွင် ယှက်ဖြာနေသော လျှပ်စီးကြောင်းများတလက်လက်ထလျှက်ရှိပြီး အနီရောင်သလင်းကျောက်တုံးကို ကာကွယ်ထားသည်။

တွင်းနက်ကြီး၏နှုတ်ခမ်းဝ ဘေးဖက်တွင် ဘိန့်မင်ချီက ခပ်တည်တည်ပင် ရပ်လို့နေသည်။
အခြား သိုင်းသမားသုံးယောက်ကတော့ နှလုံးသားသလင်းကျောက်တုံးကို တအံ့တသြ ငေးလို့နေကြသည်။

ကောင်းကင်ပေါ်ရှိ ရှုပ်ထွေးလှသော ကြယ်အလင်းများက ထို သလင်းကျောက်ပေါ်သို့ ဖြာကျလျှက်ရှိပြီး ဖြည်းညင်းစွာ ရွေ့လျှားနေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now