အပိုင်း ၁၂၁

2K 197 7
                                    

God of Slaughter (chapter – 121)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၂၁) ကျွန်းကလေးပေါ်မှာ နှစ်ယောက်တည်း

ထီးထီးလေးတည်ရှိနေသော ကျွန်းငယ်လေးတစ်ကျွန်းဖြစ်သည်။

ကျွန်းကလေးက ဘောလုံးကွင်းတစ်ကွင်းစာမျှသာရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင်လေထုက စွတ်စိုထိုင်းမှိုင်းလျှက်ရှိ၏။
သစ်ပင်ငယ်လေးအချို့မှလွဲ၍ မည်သည့် သက်ရှိအရိပ်အယောင်ကိုမျှ မမြင်ရပါ။

တိုင်းတာ၍မရနိုင်သော အဆုံးမဲ့ပင်လယ်ပြင်ထဲတွင် ဒီ ထီးထီးလေးတည်ရှိနေသော ကွန်းကလေးက မည်မျှပင်သေးငယ်သော်လည်း ရှင်သန်ခြင်း၏ မျှော်လင့်ချက်များကို ယူဆောင်ပေးသည်။

ရှာစင်းယန်ကို ကျွန်းကလေးပေါ်သို့ သယ်ဆောင်လာရင်း ရှီယန် တော်တော်စိတ်သက်သာရာရသွားသည်။
ဒီလို ဘေးအန္တရာယ်မျိုး ကြုံတွေ့ခဲ့ပြီး ရှင်သန်နိုင်ခဲ့သူသာ ဒီလိုပျော်ရွှင်မှုမျိုးကို နားလည်နိုင်ပေလိမ့်မည်။

ရှာစင်းယန်ကို အောက်ချလိုက်ပြီးနောက် ရှီယန် ကမ်းစပ်တွင် ခြေပစ်လက်ပစ် လှဲချလိုက်သည်။
သဲသောင်ပြင်ပေါ်တွင် ကျောခင်းနေရင်း နည်းနည်းလေးမှ လှုပ်ချင်ရှားချင်စိတ်မရှိတော့။

သူတကယ်ပင်ပန်းလှပါပြီ။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူက ခနလေးတောင် အနားမရသေး။
သူ့ကီစုစည်းမှုကလဲ ခမ်းခြောက်လုနီးပါးပင်။

အနည်းငယ်မျှသောလူတချို့သာ ဒီလို အဖြစ်အပျက်မျိုးကို တောင့်ခံနိုင်လိမ့်မည်ဖြစ်သည်။
သူ၏ သက်လုံနှင့် အားကောင်းသော ကီစုစည်းမှုကြောင့်သာမဟုတ်လျှင် သူ ဒီလောက်စွမ်းဆောင်နိုင်မည်မဟုတ်ချေ။

ရှာစင်းယန်က သူ့နံဘေးတွင်ဖြစ်သည်။
မောပန်းနေကာ အသက်မဲ့နေသည့်အလားပင်။

သူနှင့် သုံးမီတာမျှအကွာတွင်ဖြစ်သည်။
ရှီယန်က ခေါင်းလှည့်ကာ သူမကိုလှမ်းကြည့်လိုက်ပြီးနောက် စနောက်ချင်လာသဖြင့်
“ကောင်းလိုက်တာ…ခုဆိုရင် နင်လဲ အပျိုစင်ဘ၀နဲ့ သေစရာမလိုတော့ဘူး…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now