အပိုင်း ၇၇

2.4K 222 0
                                    

God of Slaughter (chapter – 77)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၇၇) ပူးပေါင်းခြင်း

76 မှအဆက်-----

ဇူမိသားစု...

လျှို့ဝှက်ခန်းဆောင်ထဲတွင်ဖြစ်သည်။
ချှီရှောင်း၏ အမူအယာက အနည်းငယ် ရှက်အမ်းအမ်းဖြစ်နေပုံရ၏။

ဇူခွားကတော့ အေးအေးဆေးဆေးပင် လက်ဖက်ရည်သောက်နေသော်လည်း အနည်းငယ် စိတ်ပျက်နေဟန်က သိသာနေပါသည်။
သူက သက်ပြင်းချလိုက်ရင်း
'' ဘာပဲဖြစ်ဖြစ်ပါလေ   ဒီကောင်မလေးက ကောင်းကင်အဆင့်သိုင်းပညာရှင်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ   ခုလိုဆိုတော့လဲ ကျုပ်တို့က တခြားနည်းလမ်း ရွေးချယ်ရုံပေါ့လေ   ''

''အဲ့ဒီ ကလေးမရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကတော့ အန္တရယ်အဆင့်သိုင်းသမားလောက်ပါပဲ အန္တရယ် တတိယအဆင့်ပေါ့  ဒါပေမဲ့ သူ့သိုင်းဝိဥာဉ်က အရမ်း ထူးခြားနေတာ  သိုင်းဝိဥာဉ်အသုံးပြုသွားတဲ့ပုံစံက သူ့အတိတ်ဘဝက စွမ်းရည်တွေကို ပြန်ငှားသုံးလိုက်သလိုမျိုး  ပြောရရင် ကောင်းကင်အဆင့်ကို ခတ္တခန တက်လှမ်းပြီး တိုက်ခိုက်တဲ့သဘောမျိုးဗျ   ကြောက်စရာလဲကောင်းတယ်  ဒီလိုသိုင်းဝိဥာဉ်မျိုး တစ်ခါမှ မကြားဖူးဘူး   ကြည့်ရတာ အရှေ့ပင်လယ်ဒေသကတော့ ထူးဆန်းမှုတွေပြည့်နှက်နေပုံပဲ   ''

ချီရှောင်းက မျက်မှောင်ကြုံ့ကာစဉ်းစားနေရင်း စိတ်ပျက်လက်ပျက်ဖြင့်ပြောသည်။
''ဒီကောင်မလေးက အချိန်မရွေး ကောင်းကင်အဆင့် ပြောင်းလဲတိုက်ခိုက်နိုင်စွမ်းရှိနေတော့ တိအန်းမြို့က ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူမဆီက လုယူဖို့တော့ မလွယ်ကူဘူး   ကျုပ်က သူ့ကိုကြောက်လို့တော့မဟုတ်ပေမဲ့ နှစ်ဦးနှစ်ဖက် နစ်နာကုန်ကြတဲ့ထိလဲ မတိုက်ခိုက်လိုဘူးဗျာ  အဲ့လိုဖြစ်လာခဲ့ရင် ကျုပ်ရဲ့ ဇာတ်ရုပ်အမှန်ပေါ်သွားပြီး ဟို မြေခွေးအိုကြီး ဘိန့်မင်ရှန်ကို သတိပေးလိုက်သလိုဖြစ်သွားမှာလဲစိုးတယ်   ''

''မြူခိုးစံအိမ်က ကျုပ်တို့လုပ်တာမှန်း မသိဘူးလို့တော့ မျှော်လင့်ရတာပဲလေ   မဟုတ်ရင် အခြေအနေတွေက တော်တော် ကြပ်တည်းသွားနိုင်တယ်   ''
ဇူခွားကလဲ သက်ပြင်းချရင်းပြောသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now