Chapter - 2

8.9K 794 23
                                    

Unicode

"ဒုတိယသခင်လေး ဒုတိယသခင်လေး"

ကျိုးချီလန် ခြံဝန်းထဲမှနေ အိမ်တော်ထဲသို့ဝင်လာတဲ့အခါ အစေခံတစ်ဦးဟာ သူ့ဆီသို့လောလောဖြင့်ရောက်လာသည်။

ကပိုကရိုဖြင့် အလောသုံးဆယ်ပုံနဲ့အစေခံကြောင့် ကျိုးချီလန် ဘဝင်မကျစွာမျက်မှောင်ကိုကျုံ့မိသည်။

"ဘာလဲ?"

"ဟုတ် ဟုတ်ကဲ့..ဒု ဒုတိယသခင်လေးကို သခင်ကြီးကခေါ်ခိုင်းလိုက်ပါတယ်ရှင်"ဟု အစေခံမိန်းကလေးဟာ တုန်ရီနေသည့်အသံဖြင့်ဆိုလာသည်။ အရင်ကျိုးချီလန်က အလွန်ဆိုးသွမ်းကာ အိမ်တော်ကအစေခံတွေအပေါ်လည်းစည်းကမ်းတင်းကြပ်ပြီး တစ်ခုခုဆိုတာနဲ့ဆူပူလေ့ရှိတာကြောင့် အစေခံတွေက ကျိုးချီလန်ဆိုကြောက်ကြသည်။

ဒါပေမဲ့ ယခုကျိုးချီလန်ဟာတော့ ဘာကိုမှအရေးမစိုက်ချင်တော့ပေ။ အစေခံမရဲ့ဘာမဟုတ်တဲ့တုန်လှုပ်မိကိုမြင်ပေမဲ့ ကျိုးချီလန်ကလျစ်လျူရှုထား၏။

သူက"အင်း"ဟုပဲခွန်းတုန့်ပြန်လိုက်သည်။

အစေခံမနှင့်အနီးအနားကအခြားသောအစေခံတို့ဟာ အံ့သြသွားကြသည်။ သူမအတတ်နိုင်ဆုံးကြောက်ရွံ့မှုကိုမဖော်ပြမိအောင်ကြိုးစားပေမဲ့ တုန်ရီနေတဲ့အသံကိုဖုံးကွယ်မရသောကြောင့် သေချာပေါက်သူမတော့ဒုတိယသခင်လေးဆီကအပြစ်ပေးခံရပြီဟုတွေးထားပေမဲ့ တွေးထားသလိုမဖြစ်လာသလို ဒုတိယသခင်လေးက သူမကိုမဆူတဲ့အပြင် သူမရဲ့ဘေးကဖြတ်ကာ ထွက်သွားသည်ကိုအကြောင်သားငေးကြည့်နေမိသည်။

ကျိုးချီလန်က စောင်းငဲ့ကာ ကျန်ခဲ့သောအစေခံတွေကိုစူးစမ်းနေ၏။ ရှဥ့်ကလေးက ကျိုးချီလန်ပုခုံးလေးမှာတက်ထိုင်နေရင်း သူဟာသစ်ကြားစေ့ကိုကိုက်နေသည်။

[အရှင်သခင် ခုနကပြုမူပုံက ကောင်းမွန်ပါတယ်ဗျ၊အစေခံတွေက အခုဆိုအခြားအမြင်တွေပေါ်လာပါပြီ]

'ဟမ့်'

ထိုစဥ် လျှောက်လမ်း၌ လူတစ်ဦးနှင့်ဆုံသည်။ထိုလူက သူ့ရှေ့ကနေလျှောက်လာနေပြီး သူ့ကိုမြင်တဲ့အခါ သူ့အားတစ်ချက်အကဲခတ်သလိုကြည့်လာပြီးနောက် နွေးထွေးစွာပြုံးပြလာသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now