Chapter - 99.5

3.1K 249 0
                                    

Unicode

"ကလေး ရေထဲဆင်းချင်လို့လား?"

ကျိုးချန်ကုန်းစကားအဆုံးချီလန်ကချက်ချင်းရေထဲသို့ဆင်းချလိုက်သည်။ အရက်ကြောင့်ယိုင်သွားတဲ့ခန္ဓာကိုယ်ကို ကျိုးချန်ကုန်းကသူ့ခါးကိုဖက်ရင်းထိန်းပေးသည်။ ချီလန်ကလည်းကျိုးချန်ကုန်း၏လည်ပင်းကိုဖက်တွယ်ထားလိုက်ပြီး ကျိုးချန်ကုန်းအားရီဝေစွာကြည့်လိုက်တယ်။ ထိုသို့အကြည့်ခံလိုက်ရတဲ့ကျိုးချန်ကုန်းဟာ ရှက်သွေးဖြာလာပြီး သူ့ရဲ့နားရွက်တို့ကနီမြန်းလာသည်။

"ကိုယ့်ကိုဘာလို့အဲလိုကြည့်နေတာလဲ?ကလေး..မင်းလိုချင်လို့လား.."

ချီလန်ကလျှာသပ်ပြလိုက်ပြီး ကျိုးချန်ကုန်းရဲ့ဝမ်းဗိုက်ကြွက်သားတို့ကိုထိတွေ့လိုက်သည်။ ထိုနောက်ခြေဖျားအနည်းငယ်ထောက်ကာ ကျိုးချန်ကုန်း၏နှုတ်ခမ်းကိုလှမ်းကိုက်လိုက်၏။

"လိုချင်တယ်"

အက်ကွဲပြီးတိုးညှင်းလာသည့်အသံလေးက သူ့နားထဲသို့တိုးဝင်လာတဲ့အခါ ကျိုးချန်ကုန်းဟာတွန့်ဆုတ်မနေပဲ ချက်ချင်းချီလန့်ရဲ့နှုတ်ခမ်းလေးကိုနမ်းပစ်လိုက်သည်။ ချီလန့်အားကန်ဘောင်ဆီသို့တွန်းလိုက်ကာ ခေါင်းကိုငုံ့၍အနမ်းတို့ကိုကြာရှည်စေလိုက်သည်။

ကုန်းရီရှောင်တို့သုံးယောက် ရေကူးကန်ဘက်ကိုရောက်လာတဲ့အခါမှာတော့ ချီလန်နဲ့ကျိုးချန်ကုန်းတို့ဟာအနမ်းထဲ၌ပျော်ဝင်နေတာကြောင့် သူတို့ကိုအာရုံမရှိချေ။

"ငါရောဝင်ပါလို့ရလား?"

ကုန်းရီရှောင်ကချီလန်တို့ဆီလျှောက်လာပြီး ကန်ဘောင်မှာငုတ်တုတ်ထိုင်လိုက်ကာ ချီလန့်ရဲ့ဆံပင်တို့ကိုထိတွေ့၍မေးလိုက်သည်။ ဒါပေမဲ့သူ့ရဲ့မျက်နှာကအေးစက်နေပြီး မျက်ဝန်းတို့ကဒေါသရိပ်တို့ကိန်းအောင်းနေ၏။သူတင်မကပဲကျန်တဲ့နှစ်ယောက်လည်း ထိုနည်း၎င်းသာ..။ 

ကြည့်ရတာ သူတို့ကိုချန်ထားပြီး ချီလန်ဟာကျိုးချန်ကုန်းနှင့် နှစ်ယောက်ထဲဒီမှာလာပျော်မြူးနေလို့ပဲဖြစ်ရမည်။ ကျိုးချန်ကုန်းကအနမ်းတို့ကိုရပ်ဆဲလိုက်ပြီး ချီလန့်ရဲ့နီဆွေးဆွေးနှုတ်ခမ်းသားတို့ကိုလက်မဖြင့်ထိလိုက်သည်။ သူသာအားသုံးလိုက်ပါက နှုတ်ခမ်းသားလေးကပေါက်ထွက်သွားမှာကိုတောင်စိုးရိမ်မိသည်။

⚠I Became The 4th Male Lead⚠(Complete✔)Onde as histórias ganham vida. Descobre agora