Chapter - 85

2.9K 329 3
                                    

Unicode

{ဝမ်ရန်ကော၏နှစ်သက်မှုရာခိုင်နှုန်း 99%}

ချီလန်"..."

'သောက်ကျိုးနည်း၊100%ဆို100%ပေါ့။ဘယ်နှယ့် 99%ဖြစ်နေရတာလဲ။1%က ဘယ်နားကျကျန်ခဲ့လို့လဲ'

ချီလန့်မှာဝမ်ရန်ကော၏နှစ်သက်မှုရာခိုင်နှုန်းတက်ပုံကြောင့် ဆွံ့အနေမိတော့သည်။ ဝမ်ရန်ကောကတော့ ချီလန့်ဆီမှအဖြေရလိုက်သည့်အတွက်အလွန်ကြည်နူးပျော်ရွှင်လို့နေကာ အပြုံးပန်းတွေဝေဆာလို့နေသည်။

တစ်ဖက်မှာရှရီကိုလိုက်နေသည့် သူဌေးသားဟာလည်း ချီလန်နှင့်ဝမ်ရန်ကော၏ပတ်သတ်မှုကိုသိလိုက်ရတဲ့အခါ သူကစိတ်သက်သာရာရသွားသည်။ ဘာလို့ဆိုရင် ရှရီကအခုထိ ဝမ်ရန်ကောအပေါ်စိတ်ရှိနေသေးပုံပေါ်သည်ကိုသူမြင်တော့ စိုးရိမ်စိတ်ဝင်နေမိသည်လေ။ အခုလို ဝမ်ရန်ကော၌ပိုင်ရှင်ရှိသည်ကိုသိလိုက်ရတဲ့အခါ ရှရီဟာအလိုလိုလက်လျှော့သွားလိမ့်မည်ဟုသူကထင်လိုက်သည်။ ရှရီကိုပိုင်ဆိုင်ဖို့အတွက် သူလည်းအခွင့်အရေးပိုရလိမ့်မည်။

ရှရီကိုသူသဘောကျရသည့်အချက်ဟာ ရှရီဟာအခြားလူတွေနဲ့မတူပဲ သူ့အပေါ်မှာကြင်နာပြီးနွေးထွေးမှုတွေပေးတတ်သည်။ ရှရီကသူ့နောက်ခံကြောင့်သူ့ကိုချဥ်းကပ်တဲ့လူတွေနဲ့မတူဘူးဟုသူကထင်မိသည်။ ဒါကြောင့်သူဟာရှရီကိုသဘောကျမိသွားကာ အနားမှာထားချင်မိတော့သည်။

ရှရီဟာတော့ ငိုင်တိုင်တိုင်ဖြစ်ကာမလှုပ်ယှက်ဖြင့်ရပ်နေမိသည်။ သူ့ဘေးကသူငယ်ချင်းမလေး၏တံတောင်နှင့်တွန်းကာ သတိပေးလိုက်မှအသိပြန်ဝင်လာတော့သည်။အသိစိတ်ပြန်ဝင်လာသည်နှင့် ရှရီဟာချီလန်နှင့်ဝမ်ရန်ကောကိုမော့ကြည့်လိုက်ပြီး မသင်္ကါစွာမေးလိုက်သည်။

"ဒါပေမဲ့ ဟိုနေ့ကရန်ကောကောပြောတော့ သူငယ်ချင်းတွေဆို..။ရန်ကောဘာလို့လိမ်တာလဲဗျ?"

"ကိုယ်ကရန်ကောကိုဖုံးကွယ်ခိုင်းထားလို့ပါ။ရန်ကောကိုအပြစ်မတင်ပါနဲ့နော်"ဟုချီလန်ဟာတည်ငြိမ်စွာပြုံးပြရင်း ရှရီကိုပြောလိုက်သည်။ထိုနောက် သူဟာဆက်ပြောလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now