Chapter - 20

5.8K 615 9
                                    

Unicode

ကျိုးချန်ကုန်းက ချီလန်ကိုသူ့အခန်းထဲကိုခေါ်သွားသာ်။ကျိုးချန်ကုန်းရဲ့အိပ်ခန်းကိုအခုမှရောက်ဖူးတာကြောင့် ချီလန်ကပတ်ဝန်းကျင်ကိုစူးစမ်းကြည့်နေမိတယ်။ကျိုးချန်ကုန်းက သူ့ကိုကုတင်ပေါ်တင်လိုက်ပြီးနောက် ဆေးသေတ္တာကိုဖွင့်လိုက်ပြီး ဆေးနှင့်ပတ်တီးတချို့ကိုထုတ်လိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲ..အတိုက်အခိုက်တော်တဲ့မင်းကဘာလို့ဒီလိုဒဏ်ရာရသွားရတာလဲ!ဒါလေးကိုတောင် မရှောင်နိုင်တော့ဘူးလား!"

ကျိုးချန်ကုန်းက ဂရုနာဒေါသတို့ပါဝင်သောလေသံဖြင့်ခပ်ကြိတ်ကြိတ်ပြောသည်။ချီလန်လည်း ကျိုးချန်ကုန်းက သူ့ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ကာဆေးထည့်ပေးနေသည်ကိုကြည့်နေရင်းပြန်ပြီးပြောလိုက်တယ်။

"ကျွန်တော့်ဘာသာဖန်လုံအိမ်ထဲမှာစာဖတ်မလို့သွားတာ။အဲ့ကလေးနှစ်ကောင်ကရောက်လာပြီး ကျွန်တော့်ကိုအစေခံတစ်ယောက်လိုလာဆက်ဆံနေကြတာလေ။ကျွန်တော်ကသူတို့ရဲ့အစေခံဖြစ်ဖို့ငြင်းဆန်တော့ ချန်ကောရဲ့ပန်းအိုးတွေကိုရိုက်ခွဲလေရဲ့။ပြီးတော့ ပန်းအိုးတွေကိုခွဲတာကကျွန်တော်ပါဆိုပြီး သူတို့နှစ်ယောက်ကအဖေ့ကိုပြန်ပြောပစ်မယ်လို့လည်းလာခြိမ်းခြောက်နေသေးတယ်။မလောက်လေးမလောက်စားနဲ့.."

"အဲ့တော့ ဒီဒဏ်ရာကဘယ်လိုရတာလဲ"

"ဘယ်လိုရရမှာလဲ..ပန်းအိုးကိုခွဲချတော့အိုးရဲ့အပိုင်းအစနဲ့ထိသွားတာနေမှာပေါ့..အာ့!သေမလိုလုပ်နေတာလား!"

သူ့ဒဏ်ရာကိုဖိလိုက်တာကြောင့် ချီလန်နာသွားကာအော်လိုက်သည်။ ကျိုးချန်ကုန်းက သူ့ကိုခပ်စူးစူးမော့ကြည့်ပြီး ပြန်ငုံ့သွားသည်။

"အတိုက်အခိုက်တော်တဲ့လူက ကိစ္စအသေးအမွှားလေးမှာဒဏ်ရာလာရနေတယ်တဲ့လား။"

"...."

ချီလန်တစ်ယောက် မျက်မှောင်ကျုံ့သွားသည်။ခုနကတည်းက အဲ့အတိုက်အခိုက်တော်သည်ဆိုတဲ့စကားကိုထည့်ထည့်ပြောနေသည်ကိုသတိထားမိသည်။ ဘာလဲ၊ကျိုးချန်ကုန်းက ရန်ဖြစ်တဲ့ကိစ္စကိုအခဲမကျေသေးတာလား။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now