Chapter - 23

5.1K 592 33
                                    

Unicode

ပွဲနေ့ကိုရောက်တဲ့အခါ ဖိတ်ကြားခံထားရသောဧည့်သည်တော်များ၊စီးပွားရေးလောက၌အောင်မြင်နေသောလူအများဟာ (5)star Hotelသို့ကြွရောက်လာကြသည်။ အောင်မြင်ကျော်ကြားနေသောကျိုးသခင်ကြီးမှဖိတ်ကြားလာသည့်အခါ သူတို့တွေဟာရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ကျိုးကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းလုပ်ငန်းလုပ်ကိုင်ကြချင်သူများမှာမနည်းပေ။ ဒါကြောင့်ဒီနေ့လိုအခွင့်အရေးအားလက်မလွှတ်စေပဲ ကျိုးသခင်ကြီးမျက်စိကျအောင်လုပ်ချင်နေကြသည်။ သို့သော် ဘာရည်ရွယ်ချက်နှင့်ပွဲလုပ်သလဲဆိုတာတော့ လူတိုင်းဟာမသိကြပေ။

"သား စိတ်လှုပ်ရှားနေလား..စိတ်ကိုအေးဆေးထား..ဒါမှမဟုတ် စိတ်ငြိမ်ဆေးသောက်မလား?"

ကျိုးသခင်ကြီးဟာ သူ့ဘေး၌ငြိမ်ကျနေသောသားဖြစ်သူ ကျိုးချန်ကုန်းကိုလှည့်ကြည့်ကာ ရယ်သွေးနှောလျက်မေးလိုက်သည်။ ကျိုးချန်ကုန်းဟာအဖေဖြစ်သူကိုမျက်လုံးလှန်ကြည့်လိုက်ပြီး သက်ပြင်းချ၏။

"အဖေ မစပါနဲ့၊ဟူး မကြာခင် လူတိုင်းကကျွန်တော့်ကိုကျိုးကုမ္ပဏီရဲ့နောင်တက်မဲ့CEOမှန်းသိကုန်ကြတော့မှာ။သူတို့ကအဖေ့လိုအရည်အချင်းရှိမရှိ ကျွန်တော့်ကိုမျက်စိထောင့်ထောက်ကြည့်ပြီးစစ်ဆေးအကဲခတ်ဖို့ကြိုးစားလာကြတော့မှာ။ အဖေ့နေရာကိုကျွန်တော်ကဆက်ခံရတော့မှာ စိတ်မလှုပ်ရှားပဲနေမလားဗျာ"

"ဟားဟား..ငါ့သားကအဖေ့တုန်းကလိုပဲ။အင်းး ဒါပေမဲ့သားကဘေးမှာနှစ်သိမ့်ပေးအားပေးမဲ့အဖေရှိနေသေးတယ်။အဖေ့တုန်းကတော့ မင်းရဲ့အဖိုးဆုံးသွားပြီးချင်း နောက်ရက်မှာ ကျိုးကုမ္ပဏီကိုချက်ချင်းဆက်ခံလိုက်ရတာကွ..အဖေလည်းအဲ့တုန်းကသေမတတ်စိတ်လှုပ်ရှားခဲ့ရတာ..ငါလုပ်နိုင်ပါ့မလား၊ငါတစ်ယောက်ထဲအဖေ့ရဲ့ကုမ္ပဏီကိုတိုးတက်အောင်လုပ်နိုင်ပါ့မလား?၊ငါ့ကြောင့်ကုမ္ပဏီကပြိုပျက်သွားရင်ဘယ်လိုလုပ်မလဲ?စသဖြင့် အတွေးမျိုးတွေဝင်လာခဲ့မိတယ်"

"ဒါပေမဲ့ ကျိုးကုမ္ပဏီကိုအဖိုးတုန်းကထက်ပိုပြီးတိုးတက်အောင်မြင်အောင်လို့ အဖေလုပ်နိုင်ခဲ့တယ်လေ။အဖေကအရမ်းကိုလေးစားစရာကောင်းပါတယ်။ကျွန်တော်လည်းအဖေ့လိုဖြစ်ချင်တယ်။ကျိုးကုမ္ပဏီကို ကျွန်တော့်လက်ထပ်မှာလည်းပိုကောင်းမွန်အောင်ပြုပြင်ပြောင်းလဲချင်တယ်"

⚠I Became The 4th Male Lead⚠(Complete✔)Kde žijí příběhy. Začni objevovat