Chapter - 64

3.2K 340 2
                                    


Unicode

ချီလန်နှင့်လီယန်က သူတို့ဆီကိုလျှောက်လာကြသည်။ ချီလန်ကကျိုးချန်ကုန်းကိုတစ်ချက်ကြည့်လိုက်သည်။မျက်လုံးများနီရဲနေသည်ကိုမြင်တော့ သက်ပြင်းလေးချလိုက်မိ၏။ကျိုးသခင်မလေးကတော့ ငိုထားပြန်ပြီထင်သည်။

ဝမ်ရန်ကောကတော့နံရံကိုမီလျက်သာ အခြေအနေကိုစောင့်ကြည့်လို့နေသည်။သူကခုနကလိုမျိုးသိပ်ပြီးဝင်ပါပေးတော့မည်မဟုတ်ပေ၊ မဟုတ်ရင်မစ္စတာကျိုးကသူ့ကိုသံသယဝင်နေတော့မည်။ မစ္စတာကျိုးနဲ့အကျိုးတူပူးပေါင်းထားသည့်လုပ်ငန်းကိုသူမပျက်စီးချင်ပေ။ ထိုလုပ်ငန်းကသူ့ဘဝကိုပြောင်းလဲစေလိမ့်မည့်အရာဖြစ်တာကြောင့်ဖြစ်သည်။

ကျိုးချန်ကုန်းနှင့်ကုန်းရီရှောင်ဟာတော့ ချီလန်ရှေ့၌ရပ်ကာချီလန်ဘာပြောမလဲဆိုတာကိုစောင့်လို့နေကြသည်။ချီလန့်အနောက်မှာချီလန်နှင့်နီးနီးကပ်ကပ်ရပ်ကာ သူတို့ကိုအထင်သေးစွာကြည့်နေသည့်လီယန်ကိုလည်း သူတို့ကလျစ်လျူရှုချင်ရင်တောင် လျစ်လျူရှုလို့မရဘူးဖြစ်နေကြသည်။ စိတ်ရှိလက်ရှိသာဆို လူကြားထဲမြင်မကောင်းတာတွေဖြစ်ကုန်တော့မည်။

ချီလန်ကလည်ချောင်းရှင်းလိုက်၏။ထိုနောက်သူကလီယန်ဟာသူ့ရဲ့ချစ်သူဖြစ်သွားပြီဆိုတာကိုပြောလိုက်သည်။သူပြောလိုက်တဲ့အချိန်မှာ ဖြစ်ပျက်သွားကြတဲ့လူသုံးယောက်ရဲ့မျက်နှာအမူအရာတို့ကိုမြင်လိုက်ရသည်။

ကျိုးချန်ကုန်းကအောက်နှုတ်ခမ်းကိုဖိကိုက်ကာ ချီလန့်ကိုမယုံကြည်နိုင်စွာကြည့်နေမိသည်။ ချီလန့်ဘက်ကလီယန်နဲ့အပေးအယူလုပ်မည်ဆိုကတည်းက ဒါမျိုးလာလောက်မည်ဆိုတာကိုသူကြိုသိနေမိသည်။ မဟုတ်ရင် လီယန်ကဘာကြောင့်ချီလန့်ကိုပြန်ပေးဆွဲမှာလဲ။ပြန်တွေ့တော့လဲ တကိုယ်လုံးအချစ်အမှတ်အသားတွေနဲ့ပြည့်နေခဲ့တယ်လေ။ သူမယုံကြည်နိုင်တာက ချီလန်ကလီယန့်ကိုဘာကြောင့်လက်ခံခဲ့သလဲဆိုတာကိုပဲ။ သူထင်တာချီလန်ကလီယန့်အပေါ်အမြင်မကြည်ဘူးထင်တာလေ။ အဲဒါကြောင့်လီယန့်ဘက်ကအပေးအယူကိုငြင်းဆိုမည်ဟုထင်နေမိတာပေါ့။ အခုတော့...

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now