Chapter - 35

4.7K 527 35
                                    

Unicode

တစ်ရက်နှစ်ရက်လောက်ကြာတဲ့အခါ ချီလန်အိမ်အပေါ်ထပ်ကနေဆင်းလာသည်နှင့် အောက်ထပ်မှာဆူညံနေတာကြောင့် ချီလန်ဧည့်ခန်းဆီသို့သွားကြည့်လိုက်သည်။ မြင်လိုက်ရတဲ့လူတွေက ကျန်းမေ့ရဲ့သားသမီးနှစ်ယောက်နှင့်ယောကျာ်းတစ်ဦးပဲဖြစ်တယ်။ သူတို့ကမတ်တပ်ရပ်ကြပြီး ဆိုဖာမှာထိုင်နေသောကျိုးချန်ကုန်းအားစကားများပြောဆိုနေကြသည်။

ကျိုးချန်ကုန်းရဲ့မျက်နှာအမူအရာကအေးစက်နေလျက် သူကအရှေ့ကလူရဲ့စကားတွေကိုအာရုံရှိပုံမရချေ။ ချီလန်ကဧည့်ခန်းထဲသို့လျှောက်လာလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ..ကော"

"ချီလန်"

ကျိုးချန်ကုန်းကထိုင်ရာမှထလာပြီး ချီလန့်ဆီသို့လျှောက်လာသည်။ သူ့ရဲ့အေးစက်စက်မျက်နှာကအခုကျတော့ အလွန်နူးညံ့လို့နေတယ်။ ချီလန်ကလူသုံးယောက်ကိုဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။

"သူတို့ကဘာလာလုပ်တာလဲ"

ကျိုးချန်ကုန်းရဲ့မျက်လုံးတို့ကဝမ်းနည်းရိပ်တို့ထင်ဟပ်လာကာ ချီလန့်အားတိုးညှင်းစွာပြောဆိုလာသည်။
"ဒေါ်လေးဆုံးသွားပြီ..သူတို့ကကိုယ်တို့ကြောင့်ဆိုပြီးလာစွပ်စွဲနေတယ်"

ချီလန်ရဲ့မျက်ဝန်းတို့ကအေးစက်လို့သွားပြီး ထိုလူတွေကိုစိုက်ကြည့်လိုက်သည်။ ကျိုးကျိုးနဲ့အန်းအန်းကတော့ ချီလန့်ကိုကြောက်ပြီး သူတို့အမေရဲ့အနောက်မှာပုန်းလိုက်တယ်။ကျန်းမေ့ရဲ့ယောကျာ်းဟာ ချီလန့်ကိုမကြောက်မရွံ့စိုက်ကြည့်ကာ သူကပြောဆိုလိုက်တယ်။

"ငါ့မိန်းမကိုသတ်တာမင်းတို့ဆိုတာငါသိတယ်။ငါ့မိန်းမကဒီတစ်လျှောက်လုံး မင်းတို့ကြောင့်အိပ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရဘူး။ငါခရီးကပြန်လာရော ငါ့မိန်းမကဆွဲကြိုးချသေနေခဲ့တာ!"

ချီလန်ကထိုလူကိုစိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့်ပြန်မေးလိုက်တယ်။
"သက်သေရှိလား.."

"ဘာပြောတယ်"

"ကျွန်တော်မေးတာ ကျန်းမေ့သေတာကျွန်တော်တို့ကြောင့်ဆိုတာသက်သေရှိလားလို့?သက်သေတောင်မရှိပဲ လာစွပ်စွဲနေတာက ခင်ဗျားအတွက်အကျိုးမရှိဘူးနော်။ကျွန်တော်တို့ဘက်ကတောင် ခင်ဗျားကိုပြန်တရားစွဲလို့ရတယ်။သူတစ်ပါးကိုသိက္ခာချမှု၊အိမ်ထဲကိုကျူးကျော်မှုနဲ့လေ..ဘယ်လိုလဲ?အဲ့လိုဖြစ်ချင်လား?"

⚠I Became The 4th Male Lead⚠(Complete✔)Onde as histórias ganham vida. Descobre agora