Chapter - 96

2.6K 264 8
                                    


Unicode

ကောင်းမုရှင်းကမတ်တပ်ထရပ်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကလေထဲသို့မြှောက်တက်လာကာ ကျယ်လောင်စွာရယ်မောလာလေသည်။ သို့သော်သူ့ရဲမျက်နှာဟာတော့ ဖြူဖတ်ဖျော့တော့နေပြီး ခံစားချက်ကင်းမဲ့လို့နေသည်။

"ဟားဟား...နောက်ဆုံးတော့နတ်ဆိုးဘုရင်ကိုငါထိန်းချုပ်နိုင်ပြီကွ!သူတို့ကိုသတ်ပစ်လိုက်စမ်း!"

ကောင်းမုရှင်းကချီလန်တို့ကိုညွှန်၍ လီယန့်ကိုအမိန့်ပေးလာသည်။ လီယန့်ရဲ့မျက်ဝန်းတစ်စုံကနီရဲနေကာ သူ့ကိုယ်ဟာထိန်းချုပ်ခံထားရသည့်လူတစ်ယောက်လိုလှုပ်ရှားလာသည်။ လည်ပင်းသွေးကြောတို့ကလည်းပေါက်ထွက်မတတ်ထောင်နေပြီး ကောင်းမုရှင်းပေးသောပစ္စည်းကိုဆုတ်ကိုင်ထားသည့်လက်ဟာလည်းသွေးကြောစိမ်းတို့ထင်းနေသည်။

ကျိုးချန်ကုန်းမှာဘာတွေဖြစ်ကုန်တာလည်းမသိသော်လည်း အန္တရာယ်များမှန်းကိုတော့ခံစားမိကာ ချီလန့်ရဲ့လက်ကိုဆွဲကာထွက်ပြေးဖို့ပြင်လိုက်ပေမဲ့ အိမ်ရှေ့တံခါးဟာရုတ်တရက်သူ့အလိုလိုပိတ်ကျသွားပြီး သူတို့အိမ်ထဲတွင်ပိတ်မိသွားကြသည်။ ဘေးတဝိုက်ကမည်းမှောင်လာပြီး ဧည့်ခန်းထဲ၌ပင် လေပြင်းတွေတိုက်ခတ်လာသည်။

ကောင်းမုရှင်းကသူတို့ကိုစိုက်ကြည့်နေပြီး လက်ညိုးထိုးလာ၏။သူတို့ဆီဖြည်းဖြည်းချင်းလျှောက်လာတဲ့လီယန့်ကိုကြည့်ကာ ကျိုးချန်ကုန်းတံတွေးမြိုချမိသည်။ သူကသာမန်လူသားတစ်ယောက်ပဲလေ၊ဘာကြီးမှန်းမသိသည့်အရာတွေကြောင့် သူလည်းအနည်းအငယ်တော့ကြောက်မိသည်။ သူပိုကြောက်လန့်မိတာက ချီလန့်ကိုမကာကွယ်နိုင်မှာကိုပဲဖြစ်သည်။

ချီလန့်ရဲ့လက်ကိုတင်းကြပ်စွာဆုတ်ကိုင်လိုက်ပြီး..
"ချီလန် ကိုယ်တို့ဘာလုပ်ကြမှာလဲ?အဲဒါဘာလဲမင်းသိလား"

ချီလန့်ရဲမျက်နှာကမှုန်တေလို့နေ၏။

"ကောင်းမုရှင်းကိုယ်ထဲမှာတစ်စုံတစ်ယောက်ရှိနေတယ်။သူကလီယန့်လက်ထဲကကျောက်ကိုအသုံးချပြီး လီယန့်ကိုထိန်းချုပ်ချင်နေတာ။ကော သတိထား၊ ခင်ဗျားကလူသားဆိုတော့သေနိုင်တယ်။ဒါမဲ့ ကျွန်တော်ကလူမဟုတ်ဘူး၊ဒါကြောင့် ကျွန်တော့်ကိုစိတ်မပူနဲ့.."

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now