Chapter - 78

3.2K 352 2
                                    

Unicode

အခန်းထဲသို့ရောက်တဲ့အခါ ချီလန်ကကျိုးချန်ကုန်းကိုဆိုဖာဆီသို့မေးဆတ်ပြလိုက်ပြီး..
"အဲမှာထိုင်"

ကျိုးချန်ကုန်းကချက်ချင်းလိမ်လိမ်မာမာဖြင့်ဆိုဖာ၌ဝင်ထိုင်လေသည်။ ချီလန်လည်းရေတစ်ခွက်ယူလာပြီး ကျိုးချန်ကုန်းကိုပေးလိုက်သည်။ထိုနောက် ကျိုးချန်ကုန်းရဲ့ထိုင်သေည့် ဘေးမှခုံတွင်သူဟာဝင်ထိုင်လိုက်လေသည်။

ကျိုးချန်ကုန်းကရေကိုသောက်လိုက်ပြီးနောက် ရေခွက်ကိုဆုတ်ကိုင်ထားလျက် ချီလန့်ကိုလှည့်ကြည့်လိုက်သည်။ချီလန်ကသူနဲ့တနေရာထဲမှာအတူမထိုင်တဲ့အခါ ကျိုးချန်ကုန်းကဝမ်းနည်းလို့သွားသည်။

ချီလန်ကစကားစလိုက်သည်။
"ကော မင်းဘာလို့ခုနကငါ့ကိုအဲလိုပြောတာလဲ။မင်းမျက်လုံးထဲငါကယောကျာ်းတကာနဲ့ဖာ့စ်ချင်နေတဲ့ကောင်လို့မြင်နေတာလား"

ကျိုးချန်ကုန်းကချက်ချင်းမျက်နှာပျက်ယွင်းသွားကာ ခုံပေါ်မှထပြီး ချီလန့်ရှေ့၌ဒူးထောက်လိုက်၏။ သူ့ရဲ့စိတ်အစုံကကမောက်ကမဖြစ်လို့နေကာ မျက်နှာတစ်ခုလုံးလည်းဖြူဖတ်ဖျော့တော့လို့နေသည်။

"မ မဟုတ်ဘူး!ချီလန့်ကိုကိုယ်အဲလိုမမြင်ပါဘူး..ကိုယ်ဒေါသထွက်သွားမိလို့ပါ!ခုနကပြောခဲ့တာတွေကိုမေ့ပစ်လောက်ပါနော်..ကိုယ်တောင်းပန်ပါတယ်..ကိုယ်တကယ်အနူးအညွှတ်တောင်းပန်ပါတယ်!!ကျေးဇူးပြုပြီး ကိုယ့်ကိုမစွန့်ပစ်လိုက်ပါနဲ့နော်..ကိုယ်တောင်းပန်ပါတယ်!"

လက်အုပ်ပါချီလာပြီး သူ့ကိုထပ်ခါထပ်ခါတောင်းပန်လာသည့်ကျိုးချန်ကုန်း..။မျက်လုံးတို့ဟာလည်းနီရဲကာ အရည်ကြည်များဖြင့်ပြည့်နေပြီး ပါးပြင်ပေါ်၌လည်းမျက်ရည်စီးကြောင်းနှစ်ကြောင်းရှိနေသေး၏။

ချီလန်မှာပါးစောင်ကိုလျှာဖြင့်ထိုးလိုက်သည်။ သူဖြင့်ဘာမှမပြောရသေးဘူး၊အခုလိုသနားစရာကောင်းစွာတောင်းပန်နေမှတော့ သူ့ဘက်ကဆူပူရက်ပါတော့မည်လား။ ကျိုးသခင်မလေးကသူ့ရဲ့သနားစရာကောင်းတဲ့ချောမောတဲ့မျက်နှာလေးကိုဘယ်လိုအသုံးချရမယ်ဆိုတာကိုသိသားပဲ။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now