[ E X T R A - 4 || ရှောင်ကျိုး x ချီဟွား ]

1.2K 118 3
                                    

Unicode

ချီဟွားဟာ ညီလာခံမှပြန်လာပြီးနောက် သူ့နန်းဆောင်သို့လာရာလမ်း၌ အဆောင်တော်ထဲမှထွက်လာသာ ရှောင်ကျိုးကိုမြင်လိုက်ရသည်။ ချီဟွားဟာပြုံးလိုက်ပြီး ရှောင်ကျိုးကိုလက်လှမ်းပြလိုက်ပေမဲ့ ရှောင်ကျိုးကသူ့ကိုမြင်ပုံမရပဲ လက်ထဲ၌အထုတ်တစ်ထုတ်ကိုပိုက်၍ အလောတကြီးဖြင့် တနေရာသို့ပြေးထွက်သွားသည်ကိုမြင်တွေ့လိုက်ရသည်။

သူ့ကိုတောင်သတိမထားမိတဲ့အထိ ဘာတွေအရေးတကြီးဖြစ်နေတာလဲဟုတွေးကာ ရှောင်ကျိုးကိုချီဟွားစိတ်ဆိုးမိသွားသော်လည်း သိချင်စိတ်ကလည်းပြင်းပျနေတာကြောင့် တိတ်တဆိတ်ဖြင့် ရှောင်ကျိုးထွက်သွားသည့်ဘက်သို့လိုက်သွားလိုက်သည်။

'ဒီကောင်စုတ်လေး..ဘယ်ကိုခိုးကြောင်ခိုးဝှက်နဲ့သွားဖို့လုပ်နေတာလဲ?ဟမ့် ငါ့ကိုလာပြီးတစ်ခုခုဖုံးကွယ်ထားတာမျိုးရှိနေလို့ကတော့ တွေ့မယ်သာမှတ်!'

အဲဒီနောက် ရှောင်ကျိုးအနောက်သို့လိုက်သွားသည်မှာ ထူးဆန်းတဲ့နေရာတစ်ခုဆီသို့ပင်ရောက်ရှိလာလေသည်။

ထိုနေရာလေးဟာ အပြာရောင်သစ်ရွက်အကြီးကြီးပုံသဏ္ဍာန်ရှိသောအပင်များဖြင့် ပတ်ပတ်လည်ဖုံးအုပ်ထားပြီး အဝင်ဝလေးမှာတော့ ပန်းရောင်ပန်းနွယ်ကြိုးလိုက်ကာလေးဖြင့်ပိတ်ထားသည်။

ချီဟွားတစ်ယောက် ထိုနေရာကိုမော့ကြည့်ပြီးနောက် ရှောင်ကျိုးကထိုအထဲကိုဝင်သွားတာကြောင့် သူလည်းအနောက်မှလိုက်ကာ အထဲကိုဝင်သွားလိုက်သည်။

အထဲထိရောက်တဲ့အထိအနည်းငယ်သွားရပြီး ထိုလျှောက်လမ်းတစ်လျှောက်တွင် လိပ်ပြာနတ်သမီးလေးများကိုပင်နှုတ်ဆက်ခဲ့ရသေးသည်။

အထဲသို့ရောက်လာတဲ့အခါမှာတော့ အခြားကမ္ဘာတစ်ခုသို့ရောက်သွားသည်ဟုပင်ထင်မှတ်ရအောင် လှပလွန်းလေသည်။ ချီဟွားမှာမျက်လုံးလေးပင်ကျယ်လာကာ ဒီတိုင်းရပ်ပြီးပတ်ဝန်းကျင်ကိုစူးစမ်းနေမိသည်။ လိပ်ပြာနတ်သမီးသေးသေးလေးများက ကျိလိကျိလိဖြင့်အသံထွက်လာကြကာ ပျော်ရွှင်စွာပျံသန်းသွားကြသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now