Chapter - 104(Finale)

6.2K 341 26
                                    

Unicode

မိုးနတ်သား၏ကိစ္စပြီးသည့်နောက် နောက်ထပ်ကြီးမားသောကိစ္စရပ်တစ်ခုဖြစ်ပေါ်လာလေသည်။ ဒါဟာတော့ ကောင်းကင်ဘုံသို့နတ်ဆိုးဘုရင်ကြွရောက်လာခြင်းဖြစ်သည်။

"နတ်ဆိုးဘုရင်က ဘာအကြောင်းများရှိလို့ကောင်းကင်ဘုံကိုရောက်ရှိလာတာလဲ!?"

ကောင်းကင်ဧကရာဇ်မင်းနှင့်နတ်အပေါင်းတို့ကနတ်ဆိုးဘုရင်အားထွက်တွေ့ကြသည်။ ကောင်းကင်ဧကရာဇ်မင်း၏မေးခွန်းအား နတ်ဆိုးဘုရင်ကအပြုံးဖြင့်ပြန်ဖြေ၏။

"အထွေအထူးကိစ္စတော့မရှိပါဘူး။ဒီတိုင်းအပေးအယူတစ်ခုလာလုပ်တာပဲ"

"အပေးအယူ??ငါတို့ကြားဘာအပေးအယူများလုပ်စရာရှိနေလို့လဲ"

"အပေးအယူလုပ်ဖို့အကြောင်းပြချက်လိုလို့လား?အာ..တကယ်လို့ငြိမ်းချမ်းရေးကိုဖျက်သိမ်းမယ်ဆိုရင်ရော?"

"ဘာ..ငြိမ်းချမ်းရေးကိုဖျက်သိမ်းမယ်။မင်းပြောတာက ကောင်းကင်ဘုံနဲ့နတ်ဆိုးတွေကြား စစ်ခင်းမယ်လို့ပြောတာလား"

"ဒါကအခုလောလောဆယ်မှာအပြောသတ်သတ်ပဲရှိသေးတယ်။တကယ်လို့ကိုယ်တော်လိုချင်တဲ့အပေးအယူကိစ္စကိုသဘောတူရင်တော့ ငြိမ်းချမ်းရင်းကိုမဖျက်သိမ်းပဲ..တသက်လုံးစာငြိမ်းချမ်းဖို့အတွက်စာချုပ်ချုပ်ဆိုနိုင်တယ်"

ကောင်းကင်ဧကရာဇ်ဟာမျက်မှောင်ကြုတ်လို့သွား၏။အရင်ကဘာအသံမှမကြားခဲ့တဲ့ နတ်ဆိုးဘုရင်ကဘာကြောင့်များယခုမှငြိမ်းချမ်းရေးကိုအကြောင်းပြ၍အပေးအယူလာလုပ်တာလဲ။

"အရှင်..နတ်ဆိုးတွေကကောက်ကျစ်ပါတယ်။နတ်ဆိုးဘုရင်ကကျွန်တော်တို့ကိုတစ်ခုခုလှည့်စားချင်နေတာပဲဖြစ်ရမယ်"

"ဟုတ်ပါတယ် အရှင်၊သူ့လှည့်ကွက်ထဲကိုမဝင်မိပါစေနဲ့အရှင်.."

"အရင်ဆုံး သူ့ရဲ့အပေးအယူကိုနားထောင်ကြည့်တာကောင်းလိမ့်မယ်လို့ထင်ပါတယ်" ဟုနတ်တို့ကကောင်းကင်ဧကရာဇ်အားအကြံပေးလိုက်ကြ၏။

"ကောင်းပြီ။မင်းရဲ့အပေးအယူကိုအရင်ပြောကြည့်ပါဦး.."

နတ်ဆိုးဘုရင်ကနတ်တွေကြားထဲသို့မျက်လုံးဝေ့ဝဲကာတစ်စုံတစ်ယောက်ကိုရှာဖွေလိုက်၏။သူရှာဖွေနေသည့်သူကိုမတွေ့တဲ့အခါ စိတ်ပျက်မှုတို့ကအနည်းငယ်ဖြစ်ပေါ်သွားပေမဲ့..

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now