Chapter - 11

6.3K 699 83
                                    

Unicode

နောက်တနေ့မနက်မှာတော့ ကျိုးချီလန်အစောထလာပြီး မနက်စာဆင်းစားတော့တယ်။ သူမနေ့ကတနေကုန်တနေခမ်းအိပ်စက်ထားတာကြောင့် ဒီနေ့တော့ကိုယ်လက်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်တယ်။

မနက်စာဝိုင်းသို့သူရောက်လာတော့ မည်သူမှတောင်မရောက်ကြသေးချေ။သူလည်း အစေခံမလေးကိုနွားနို့တစ်ခွက်ဖျော်ပေးဖို့ပြောမဲ့အချိန်မှာပဲ သူ့အရှေ့သို့နွားနို့ပူပူလေးတစ်ခွက်ရောက်လာလေတယ်။ တရားခံကိုမော့ကြည့်လိုက်တော့ ကျိုးချန်ကုန်းဖြစ်နေလေရဲ့..။

ကျိုးချန်ကုန်းက မနေ့ကနဲ့မတူညီစွာသူကနွေးထွေးကြင်နာစွာပြုံးပြလာပြီး သူ့ရဲ့ဘေးမှာလာထိုင်နေသည်။ပြီးနောက် နွားနို့ခွက်ကိုသူ့အရှေ့သို့တိုးပေးကာ..

"ရှောင်လန်..နွားနို့ကြိုက်တာကိုယ်သတိထားမိတယ်။နောက်ဆို မနက်ခင်းတိုင်း ရှောင်လန့်ကို ကိုယ်နွားနို့ဖျော်တိုက်မယ်။"

"...."

ကျိုးချီလန် စိတ်ထဲ"ဘာလား"ဟုပြောလိုက်ပြီး နွားနို့ကိုတော့လက်ခံလိုက်သည်။

"ကျေးဇူး"

ကျိုးချန်ကုန်းက ခေါင်းတစ်ချက်ညိတ်ပြပြီး အစေခံမလေးကိုမနက်စာယူလာပေးဖို့ပြောနေတော့သည်။ ကျိုးချီလန်လည်း စိတ်ထဲမထားတော့ပဲ ပူနေသေးတဲ့နွားနို့ကိုတဖူးဖူးနဲ့လေမှုတ်နေလိုက်တယ်။ ထိုစဥ် ဘေးကစိုက်ကြည့်နေမှုကိုခံစားမိတာကြောင့် မျက်နှာအနည်းငယ်ပင့်ကာဘေးကိုကြည့်မိတော့ ကျိုးချန်ကုန်းက သူ့ကိုမေးထောက်ကာစိုက်ကြည့်နေလေတယ်။ သူ့ကိုစိုက်ကြည့်တာထက် သူ့ရဲ့နှုတ်ခမ်းကိုဆိုပိုမှန်လိမ့်မယ်။

ကျိုးချီလန် ဆွံ့အသွားရတယ်။ ကျိုးချန်ကုန်းရဲ့နားရွက်တွေကနီရဲနေပေမဲ့ သူ့ရဲ့မျက်ဝန်းတစ်စုံကတော့ ဆာလောင်မွတ်သိပ်နေတဲ့သားရဲတကောင်၏အကြည့်နဲ့တူလှသည်။ နေပါဦး၊မနေ့က ရှက်သွေးဖြာပြီး ကယောက်ကခြားဖြစ်နေခဲ့တဲ့ ကျိုးသခင်မလေးကဘယ်ကိုရောက်သွားတာပါလိမ့်။ ဒါဟာ ဇာတ်လိုက်ရဲ့လှည့်စားမှုတစ်ခုများလား။

"အစ်ကိုကြီး မင်းအဲ့လိုစိုက်ကြည့်နေရင် ငါမြိုမကျတော့ဘူး။"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now